Capital One Cup News

၂လကျော်နားရမည့်ဒီဘရိုင်နီ

Jan 29 , 2016

ဒဏ်ရာရသွားခဲ့သောမန်စီးတီးတိုက်စစ်မှုး ဒီဘရိုင်နီမှာ ၂လခွဲခန့်နားရတော့မည်ဖြစ်သဖြင့် အသင်း၏အရေးကြီးပွဲစဉ်ချို့ကို လွဲချော်ရမည်ဖြစ်သည်။

ပြိုင်ပွဲ၎ခုတွင် ပါဝင်နေရသော မန်စီးတီးမှာဒီဘရိုင်နီမပါနိုင်တော့သည့်အတွက် အနည်းငယ်အခက်အခဲရှိမည်ဖြစ်ပြီး ဒီဘရိုင်နီမှာ ကက်ပီတယ်ဝမ်း ဖလားဗိုလ်လုပွဲနှင့် မန်ချက်စတာဒါဘီပွဲစဉ်များကို လွဲချော် မည်ဖြစ်သည်။

မန်စီးတီးအနေနှင့်မနက်ဖြန်တွင် ဗီလာနှင့် FA ဖလားပွဲကစားရန်ရှိနေပြီး ဇယားထိပ်မှ လက်စတာ၊ အဆင့်၎ မှစပါး၊ FA ဖလားပဉ္စမဆင့်၊ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ၊ ကက်ပီတယ်ဝမ်းဗိုလ်လုပွဲ ၊ လီဗာပူးနှင့် ပရီးမီးယားပွဲနှင့် မတ်လ ၂၀ ရက်မန်ယူနှင့်ပွဲစဉ်အထိ ဒီဘရိုင်နီ လွဲချော်နိုင်သည်ဟု အသင်းတာဝန်ရှိသူများက ခန့်မှန်းထားကြပြီး မမျှော်လင့်ပဲအမြန်ဆုံးသက်သာလာနိုင်ရန်ကိုလည်း လိုလားလျက်ရှိနေ ကြသည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here