La-liga News

ဆီမီးတက်သောဗလင်စီယာ

Jan 29 , 2016

လာလီဂါတွင်နိုင်ပွဲမရသေးသော်ဗလင်စီယာမှာ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့တက်နိုင်ခဲ့ပြီဖြစ်သဖြင့် နည်းပြနဗီးလ်အတွက် ဖိအား အနည်းငယ်လျော့ပါးစေခဲ့ပြီဖြစ်သည်။

ဗလင်စီယာအသင်းမှာ အဆင့် ၁၈ ရောက်နေသော လာပါးမက်စ်နှင့်စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်တွင်တွေ့ဆုံခဲ့ရာ၌ ပထမအကျော့တွင် ၁ဂိုးစီသရေကျခဲ့ပြီး ယမန်နေ့ ဒုတိယအကျော့တွင် ရိုဒရီဂို၏ မိနစ် ၂၀ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူနှင့်အင်္ဂလန်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်မှာ ဒီဇင်ဘာလမှစ၍ ဗလင်စီယာကိုကိုင်တွယ်နေခဲ့ရာတွင် လာလီဂါပွဲများ၌နိုင်ပွဲ မရသေးသော် လည်း စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ်အထိတက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

အမှတ်ပေးဇယားအဆင့်တွင်ရှိနေသော ဗလင်စီယာမှာ လာလီဂါပွဲစဉ်အဖြစ် တနင်္ဂနွေနေ့တွင်အိမ်ကွင်း၌ အဆင့် ၁၉ မှ စပို့တင်းဂီဂျွန်းနှင့်ကစားရ မည်ဖြစ်သဖြင့် နဗီးလ်အတွက် ပထမဆုံးလာလီဂါနိုင်ပွဲ အဖြစ် မျှော်မှန်းနိုင်မည့်ပွဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here