La-liga News

ဂွာဒီယိုလာအကြောင်းပြောတဲ့နေမာ

Jan 29 , 2016

ဘာစီလိုနာတိုက်စစ်မှုးနေမာက သူသည်ဂွာဒီယိုလာ၏ဦးဆောင်မှုအောက်တွင် ကစားလိုသေးသည်ဟုပြောဆိုလိုက်သည်။

ဂွာဒီယိုလာမှာဘာစီလိုနာနည်းပြအဖြစ် ၂၀၀၈ မှ ၂၀၁၂ အထိတာဝန်ယူခဲ့သူဖြစ်ပြီး နေမာမှာ ၂၀၁၃ တွင်မှ ဘာစီလိုနာသို့ရောက်ရှိလာသူဖြစ် သည်။

နေမာအနေနှင့်နောင်တစ်ချိန်တွင်မည်သည့်ကလပ်သို့ ပြောင်းဦးမည်ဆိုသည်မှာ မရေရာသေးသော်လည်း ဘရာဇီးနှင့်အမေရိကန်မေဂျာလိဂ် တို့တွင် ကစားဘူးလိုကြောင်းပြောဆိုထားသူဖြစ်သည်။

နေမာမှာဘာစီလိုနာနှင့် ၂၀၁၈ ဇွန်လအထိစာချုပ်ချုပ်နေသူဖြစ်ပြီး လက်ရှိဘိုင်ယန်နည်းပြဂွာဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ တစ်ဦး ဟု နေမာကပြောဆိုခဲ့သည်။

နေမာမှာ ယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်၌ ဘာစီလိုနာအတွက် ၂၁ ဂိုးသွင်းထားပေးပြီဖြစ်ပြီး ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုရွေးချယ် ရာတွင် မက်ဆီ၊ စီရိုနယ်ဒိုတို့၏နောက်မှ တတိယရရှိခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here