La-liga News

ပြစ်ဒဏ်ပယ်ဖျက်ခံရသော၂သင်း

Jan 30 , 2016

ရီးရဲလ်နှင့်အက်သလက်တီကိုအသင်းတို့အား စည်းမျဉ်းချိုးဖောက်မှုဖြင့် ကစားသမားအပြောင်းအရွှေ့ကာလ၂ခုတွင် တားမြစ်ထားသည့်ပြစ်ဒဏ်ကို ဖီဖာကပယ်ဖျက်ပေးလိုက်ပြီဖြစ်သဖြင့် လာမည့်နွေနှင့် ၂၀၁၇ ဇန်န၀ါရီတို့တွင် ၎င်း၂သင်းမှာ ကစားသမားသစ်များခေါ်ယူနိုင်ပြီဖြစ်သည်။

ဖီဖာကတားမြစ်ထားသည့်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်သဖြင့် ရီးရဲလ်မှာလာမည့်နွေတွင် ခေါ်ယူလိုနေသော ဂိုးသမား ဒီဂီရာ၊ ဟာဇတ်၊ လီဝန်ဒေါစကီး၊ ပိုဂဘာ စသည့်ကစားသမားများခေါ်ယူရေးအတွက် ကြိုးစားနိုင်ပြီဖြစ်သည်။

အသက်လက်တီကိုနည်းပြ ဆီမြွန်းနီမှာချဲလ်ဆီးက ခေါ်ယူလိုနေသည်ဟု သတင်းထွက်ခဲ့သူဖြစ်ပြီး ယခုဖီဖာ၏ ပယ်ဖျက်ပေးမှုကြောင့် ချဲလ်ဆီး သို့ရောက်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here