La-liga News

ဘာကာနှင့်တွေ့မည့်နဗီးလ်

Jan 30 , 2016

စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲခဲ့ရာ နည်းပြနဗီးလ်၏ ဗလင်စီယာအသင်းမှာ လက်ရှိချန်ပီယံဘာစီလိုနာနှင့် တွေ့ဆုံရတော့မည်ဖြစ် သည်။

လွန်ခဲ့သောဒီဇင်ဘာလတွင် ဗလင်စီယာနည်းပြအဖြစ် စတင်ကိုင်တွယ်ခွင့်ရခဲ့သူ မန်ယူနှင့်အင်္ဂလန်နောက်ခံလူဟောင်းနဗီးလ်မှာ လာလီဂါ တွင်နိုင်ပွဲရှာမရသေးသော်လည်း စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်မှု အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းမှာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသူဖြစ်ပြီး ဥရောပစူပါဖလားနှင့် ဖီဖာကမ္ဘာ့ချန်ပီယံကလပ်များဖလားကိုလည်း ရရှိထားပြီးဖြစ်သည်။

ဖလား၅လုံးရရေးကြိုးစားနေသည့်ဘာစီလိုနာအနေနှင့် လာလီဂါတွင်ဦးဆောင်နေသကဲ့သို့ စပိန်ဘုရင့်ဖလားပွဲတွင်လည်း ဆီမီးအထိရောက် လာကာ ချန်ပီယံလိဂ်တွင်လည်း ပါဝင်နေဆဲဖြစ်သည်။

ဗလင်စီယာအသင်းမှာ ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ဆီမီးဖိုင်နယ်ပွဲ ၂ ကျော့ကစားရမည်ဖြစ်ပြီး အခြားဆီမီးဖိုင်နယ်တွင် ဆီဗီးလာနှင့်ဆဲလ်တာဗီရိုတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here