Serie-A News

တိုက်စစ်မှုးခေါ်တဲ့အင်တာ

Jan 30 , 2016

အင်တာအသင်းသည်လက်စတာမှခေါ်ရန်ကြံစည်နေသောဆမ်ဒိုးရီးယားတိုက်စစ်မှုး အီဒါကိုအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အင်တာအသင်းမှာ ခရစ္စမတ်ကာလတွင် စီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့သော်လည်း ယခုခါ အဆင့်၎သို့ရောက်ရှိသွားခဲ့ပြီး စီးရီးအေ၂၁ပွဲတွင် ၂၆ဂိုးသာ သွင်းနိုင်ခဲ့သောကြောင့် တိုက်စစ်ကို အားဖြည့်ခြင်းဖြစ်သည်။

အင်တာအနေနှင့်တစ်ပွဲလျင်တစ်ဂိုးထက် ပိုသွင်းနိုင်သောပွဲ သုံးပွဲသာရှိခဲ့သဖြင့် နည်းပြမန်ချီနီမှာ သူ၏တိုက်စစ်မှုးများကိုဝေဖန်ပြီး လွန်ခဲ့သော တနင်္ဂနွေနေ့ အိမ်ကွင်းတွင်ကာပီကို တစ်ဂိုးစီသရေကျသော ပွဲ၌တိုက်စစ်မှုး အိုင်ကာဒီကိုအခွင့်အရေးကောင်းများကို ဖြုန်းတီးခဲ့သူ ဟုပြောဆိုခဲ့ သူဖြစ်သည်။

ယခုခေါ်ယူခဲ့သော အီဒါမှာ ဘရာဇီးတွင်မွေးဖွားခဲ့သည့် အီတလီလက်ရွေးစင်တစ်ဦးဖြစ်ပြီး ဆမ်ဒိုးရီးယားတွင် ၄ရာသီကစားခဲ့ရာ၌ ၁၃၅ ပွဲတွင် ၄၉ ဂိုး သွင်းယူထားသူဖြစ်သည်။

ထို့အပြင် လက်ရှိရာသီတွင် ၁၂ဂိုးသွင်းယူထားကာ စီးရီးအေတွင် ဒုတိယဂိုးသွင်းအများဆုံး တိုက်စစ်မှုးအဖြစ်စံချိန်တင်ထားသူဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here