Other World Cup Football News

နည်းပြသစ်ခန့်သောချီလီ

Jan 30 , 2016

ချီလီဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပစ်ဇီကို ခန့်အပ်လိုက်ပြီဖြစ်သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သည့်ပစ်ဇီမှာ နှုတ်ထွက်သွားသောနည်းပြ ဆမ်ပါအိုလီနေရာကိုဆက်ခံကာ လာမည့်အပတ်တွင် နည်းပြဆမ်ပါအိုလီနေ ရာကိုဆက်ခံကာ လာမည့်အပတ်တွင် အသင်းကိုစတင် တာဝန်ယူမည်ဖြစ်သည်။

ပစ်ဇီသည်ကိုပါအမေရိကချန်ပီယံချီလီကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသည့်အထိ ကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ပစ်ဇီကိုခန့်အပ်မှုနှင့်ပတ်သက်၍ ချီလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆာလာက ပစ်ဇီရောက်လာတဲ့ အပေါ်ကျနော်တို့အားလုံး တကယ့်ကိုကျေနပ်ရပါတယ်၊ သူရဲ့အတွေ့အကြုံတွေက ချီလီအတွက်အကောင်းဆုံးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်ဟုပြောဆိုခဲ့သည်။

ပစ်ဇီမှာ ၂၀၁၃-၁၄ တွင်လာလီဂါကလပ် ဗလင်စီယာကိုကိုင်တွယ်ခဲ့သူဖြစ်ပြီး ချီလီလက်ရွေးစင်အသင်းအနေနှင့် စတုတ္တမြောက်အာဂျင်တီးနား သားတစ်ဦးကို နည်းပြခန့်ခဲ့ခြင်းဖြစ်သည်။

ချီလီမှာ ဘီအယ်ဆာ၊ ဘော်ဂီနှင့်ဆမ်ပါအိုလီ စသော အာဂျင်တီးနားသားနည်းပြများကို ဆက်တိုက်တာဝန်ယူစေခဲ့သည့် အသင်းဖြစ်သည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here