Serie-A News

အထုတ်ခံရသောနည်းပြ

Feb 01 , 2016

ဂျီနိုအာနှင့်ဂိုးမရှိသရေကျခဲ့သောပွဲစဉ်တွင် ဖီအိုရင်တီးနားနည်းပြဆိုဆာမှာ ပွဲကိုအဟန့်အတားဖြစ်စေသည့်အပြုအမှုမျိုးလုပ်ခဲ့မိသဖြင့် ထုတ်ပယ်ခံခဲ့ ရသည်။

ဆိုဆာမှာ ကွင်းဘေးစည်းနားရှိနေချိန်တွင်လိမ့်လာသော ဘောလုံးကို ခြေထောက်နှင့်ဟန့်တား၍ လက်ပစ်ဘောဖြစ်ပြီဟုဆိုကာ ဂျီနိုအာ ကစားသမားတစ်ဦးကိုလက်ဖြင့် ပစ်ပေးခဲ့သည့်အပေါ် ကွင်းလယ်ဒိုင်က မသက်ဆိုင်ပဲ ဘေးစည်းမကျော်ခင်ခြေထောက်နှင့်တားလိုက်သည်မှာ ပွဲကစားနေမှုကိုနှောက်ယှက်ရာကျသည်ဟုဆိုကာ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ရုပ်သံအနှေးပြကွက်တွင်လည်း ဘောလုံးမှာကွင်းအတွင်းတွင်သာရှိနေဆဲဖြစ်ပြီး ဘေးစည်းကျော်မသွာသေးသည်ကို မြင်တွေ့ခဲ့ရသည်။

ဖီအိုရင်တီးနားမှာ နောက်ဆုံး၎ပွဲတွင် အနိုင်၁ပွဲသာရထားပြီး တတိယနေရာတွင်ရှိနေသော်လည်း ဇယားထိပ်မှနပိုလီနှင့် ၈ မှတ်ကွာဟနေပြီဖြစ် သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here