Serie-A News

၁၂ ပွဲဆက်တိုက်နိုင်သောဂျူဗီ

Feb 01 , 2016

ချီယေးဗိုးနှင့်ကစားရသော စီးရီးအေအဝေးကွင်းပွဲစဉ်တွင် ၀း၎ ဖြင့်အနိုင်ရခဲ့သဖြင့် ဂျူဗင်တပ်မှာ ၁၂ပွဲဆက်တိုက်အနိုင်ရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ယခုပွဲစဉ်တွင်ပထမပိုင်း၌ မိုရာတာက ၂ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းတွင်ဆန်ဒရိုနှင့်ပိုဂဘာတို့က တစ်ဂိုးစီသွင်းပေးခဲ့ကာ ဇယားထိပ်မှနာပိုလီနှင့် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရပ်တည်နေဆဲဖြစ်သည်။

ရာသီအစပိုင်းတွင် ရှုံးပွဲနှင့်သရေပွဲများ များခဲ့ရသည့်ဂျူဗင်တပ်မှာ နိုဝင်ဘာ၎ရက်နေ့ ဂလက်ဘက်နှင့်သရေကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်ပြီးနောက် ပြိုင်ပွဲပေါင်းစုံ ၁၆ပွဲတွင် ၁၅ပွဲနိုင်ခဲ့ပြီး ချန်ပီယံလိဂ်အဝေး ကွင်းပွဲဖြစ်သည့် ဆီဗီးလားနှင့်ပွဲ ၁ပွဲသာအရှုံးပွဲဖြစ်ခဲ့သည်။

ယခုကဲ့သို့စီးရီးအေတွင် ၁၂ပွဲဆက်တိုက်နိုင်ပွဲပြန်ရလာခြင်းကြောင့် ဇယားထိပ်ပိုင်းသို့တက်လာနိုင်ပြီဖြစ်သဖြင့် စီးရီးအေချန်ပီယံဖလားကို ၅ ကြိမ် ဆက်တိုက်ရရှိရေး စိတ်ကူးယဉ်နိုင်ပြီဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here