La-liga News

ဟက်ထရစ်ရပြန်သောစီရိုနယ်ဒို

Feb 01 , 2016

ရီးရဲလ်ကစားသမားစီရိုနယ်ဒိုမှာ ယခုရာသီအစောပိုင်းတွင် သူ၏ခြေစွမ်းအပေါ်ဝေဖန်မှုအချို့ရှိခဲ့သော်လည်း အက်စပန်ညိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ လာလီဂါဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ပါဝင်လာပြီဖြစ်သည်။

သူသည်ယခုရာသီတွင် ရီးရဲလ်အတွက် လာလီဂါပွဲ၂၁ပွဲတွင်ပါဝင်ကစားခဲ့ကာ ဘာစီလိုနာမှနေမာနှင့်အတူ ၁၉ဂိုးသွင်းထားနိုင်ပြီဖြစ်သည်။

စီရိုနယ်ဒိုမှာ ယခုရာသီအက်စပန်ညိုနှင့် ၂ကြိမ်တွေ့ဆုံခဲ့ရာ၌ ၈ဂိုးသွင်းနိုင်ခဲ့သဖြင့် လာလီဂါသမိုင်းတွင် တစ်ရာသီအတွင်း ၂ကြိမ်တွေ့ ရသောပြိုင်ဘက်အပေါ် ဂိုးအများဆုံးသွင်းနိုင်သည့်စံချိန်သစ်ကို ရရှိခဲ့သည်။

ရီးရဲလ်အသင်းမှာ စက်တင်ဘာ ၁၂ရက်နေ့ အက်စပန်ညိုနှင့်အဝေးကွင်းပွဲတွင် ၀း၆ ဖြင့်နိုင်ခဲ့စဉ်က စီရိုနယ်ဒိုတစ်ဦးတည်း ၅ ဂိုးသွင်းခဲ့ကာ ယခုပွဲစဉ် ၂၁တွင်အိမ်ကွင်း၌ ၆းဝရလဒ်ဖြင့်ပင်နိုင်ခဲ့ပြီး စီရိုနယ်ဒိုက ၃ဂိုးသွင်းနိုင်ခဲ့သည်။

ထို့အပြင် သူသည် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း ၁၄လုံးဝင်အောင်သွင်းထားကာ အခြားတိုက်စစ်မှုးများထက် ၅ဂိုးပိုသွင်းနိုင် သည့် ပထမဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ရီးရဲလ်မှာ ယခုရာသီတွင် လိဂ်ဂိုးစုစုပေါင်း ၆၄ဂိုးသွင်းယူထားနိုင်ပြီး အခြားထိပ်တန်းလိဂ်များမှအသင်းတိုင်းထက် သာလွန်သောဂိုးသွင်းယူနိုင် မှုလည်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here