Europe News

ဥရောပထိပ်တန်း ၁၀ ယောက်

Jul 18 , 2014

ဥရောပကလပ်အသင်းများထဲတွင် ကစားနေသည့် ထိပ်တန်းကစားသမား ၁၀ ယောက်စာရင်းကို ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ယမန်နှစ်က ကစားခဲ့သူတစ်ယောက်သာ ပါဝင်ခဲ့သည်မှာ ထူးခြားမှု ဖြစ်သည်။

ယခု ၂၀၁၄ အတွက် ဆန်ကာတင် ၁၀ ယောက်တွင် လာမည့်ရာသီအစတွင်မှ ပရီးမီးယားတွင် စတင်တော့မည့် တိုက်စစ်မှူး ကော်စတာ (ချဲလ်ဆီး) ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားရ ဂျာမနီအသင်းမှ ကစားသမားများလည်း ပါဝင်ခဲ့သည်။ ကော်စတာမှာ အက်သလက်တီကိုနှင့်အတူ လာလီဂါဖလားရရှိခဲ့သူဖြစ်ပြီး လွန်ခဲ့သော ရက်ပိုင်းကပင် ပြောင်းရွှေ့ကြေးပေါင် ၃၂ သန်းဖြင့် ချဲလ်ဆီးသို့ ရောက်ရှိလာသူ ဖြစ်သည်။ လီဗာပူးတွင် ကစားခဲ့က လာမည့်ရာသီတွင် ဘာစီလိုနာအသင်းသား ဖြစ်နေမည့် ဆွာရက်ဇ်တစ်ယောက်သာ ပရီးမီးယားကစားသမား (၂၀၁၃-၁၄) အဖြစ် ယခုစာရင်းတွင် ပါဝင်ခဲ့သည်။ ဆန်ကာတင် ၁၀ဦးမှာ-

(၁) စီရိုနယ်ဒို (ပေါ်တူဂီ-ရီးရဲလ်)
(၂) မက်ဆီ (အာဂျင်တီးနား-ဘာစီလိုနာ)
(၃) ကော်စတာ (စပိန်-ချဲလ်ဆီး)
(၄) ဒီမာရီယာ (အာဂျင်တီးနား-ရီးရဲလ်)
(၅) ရိုဒရီဂုဇ် (ကိုလံဘီယာ-မိုနာကို)
(၆) ဖီလစ်လမ်း (ဂျာမနီ-ဘိုင်ယန်)
(၇) မူလာ (ဂျာမနီ-ဘိုင်ယန်)
(၈) နူအာ (ဂျာမနီ-ဘိုင်ယန်)
(၉) ရော်ဘင် (ဟော်လန်-ဘိုင်ယန်)
(၁၀) ဆွာရက်ဇ် (ဥရုဂွေး-ဘာစီလိုနာ) တို့ဖြစ်ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here