ဟော်လန်လက်ရွေးစင်တစ်ဦးဖြစ်သူဟိုင်တင်ဂါက သူသည်ကစားသမားဘ၀မှအနားယူလိုက်ပြီဟု ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် အေဂျက်အသင်း၌ရှိနေသူ ဟိုင်တင်ဂါမှာ ယခုရာသီအတွင်းအသင်းအတွက်စုစုပေါင်း မိနစ်၄၀ သာကစားခွင့်ရရှိခဲ့သည်။
၃၂နှစ်သားဟိုင်တင်ဂါကသူ၏အေးဂျင့်ဖြစ်သူ ဂျန်ဆန်၊ အေဂျက်အသင်းနည်းပြ ဒီဘိုးဝါးတို့နှင့်တွေ့ဆုံကာ ယခုကဲ့သို့အနားယူရေးအတွက် စဉ်းစား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဟိုင်တင်ဂါက လူငယ်ဘ၀ကပင်အေဂျက်အသင်း၌ပါဝင်ခဲ့ပြီး ၂၀၀၈တွင် လာလီဂါကလပ်အက်သက်လက်တီကိုသို့ယူရို ၁၀ သန်းဖြင့်ပြောင်းရွှေ့ခဲ့ သည်။
ယင်းကလပ်တွင် တစ်ရာသီကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်အဲဗာတန်သို့ရောက်ရှိခဲ့ကာ ၄နှစ်ခွဲကြာကစားခဲ့သူဖြစ်သည်။
အဲဗာတန်အတွက်ပွဲပေါင်း ၁၄၀ကျော်ကစားခဲ့သူဟိုင်တင်ဂါမှာ ၂၀၁၅တွင်အေဂျက်သို့ရောက်ခဲ့င်္ပြီး ၂၀၁၆ တွင်ကစားသမားဘ၀မှ အနားယူ လိုက်ခြင်းဖြစ်သည်။
U Myo Thant