Other World Cup Football News

စံချန်တင်သောတရုတ်ကလပ်

Feb 03 , 2016

တရုတ်စူပါလိဂ်ကလပ်တစ်ခုဖြစ်သော ဂွန်ဇူးအသင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် အက်သလက်တီကိုမှ ဂျက်ဆင် မာတီနက်ဇ်ကို ယူရို ၄၂ သန်းပေး၍ခေါ်ယူခဲ့ပြီဖြစ်သည်။

နာမည်ကြီးစူပါအေးဂျင့်ဖြစ်သောဂျော့ခ်ျမန်ဒက်စ်က ယခုအပြောင်းအရွှေ့တွင် အဓိကပါဝင်ခဲ့ပြီး အက်သလက်တီကိုအနေနှင့် မာတီနက်ဇ် အတွက် ယူရို ၇ သန်းအမြတ်ထွက်ခဲ့သည်။

ချဲလ်ဆီးကွင်းလယ်ကစားသမားရာမီရက်စ်ကို ဂျန်ဆူးကလပ်က ပေါင် ၂၁ သန်းပေး၍ခေါ်ယူခဲ့ခြင်းကြောင့် ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန် တင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ဂွန်ဇူးက ပေါင် ၃၁.၈ သန်း(ယူရို ၄၂သန်း)ဖြင့် စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။

တရုတ်စူပါလိဂ်မှ အထက်ပါထိပ်တန်းကလပ်၂သင်းမှာ ယခုဇန်န၀ါရီအပြောင်းအရွှေ့အတွင်း ယူရိုသန်း၂၀၀ကျော်သုံး၍ ကစားသမားသစ်များ ကို ခေါ်ယူခဲ့ကြသည်။

ကိုလံဘီယာလက်ရွေးစင်ဖြစ်သူ မာတီနက်ဇ်မှာ လွန်ခဲ့သောနွေက ပေါ်တိုမှအက်သလက်တီကိုသို့ ယူရို၃၅သန်းဖြင့် ရောက်ရှိခဲ့သော်လည်း လာလီဂါ၁၅ပွဲတွင် ၂ဂိုးသာသွင်းယူနိုင်ခဲ့သူဖြစ်သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here