စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပထမအကျော့တွင် ဘာစီလိုနာကို စံချိန်တင်၇-ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ရာထူးမှထွက်မည်မဟုတ်ဟု ဗလင်စီယာ နည်းပြ နဗီးလ်ကပြောဆိုလိုက်သည်။
မက်ဆီ၊ဆွာရက်ဇ်တို့က ဂိုးများသွင်းယူခဲ့သော် ထိုပွဲစဉ်အပြီးတွင် သတင်းသမားများနှင့်တွေ့ဆုံရာ၌နဗီးလ်က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
နဗီးလ်က အသင်းကစားပုံကိုစိတ်ပျက်မိတာအမှန်ပါပဲ။တကယ်အခံရခက်တဲ့ညပေါ့။ကျနော့်ရာဇ၀င်မှာ အဆိုးဆုံးစံချိန်ပါပဲ။ဒါပေမယ့်ကျနော်ထွက် သွားမှာ မဟုတ်ဟု ပြောဆိုခဲ့သည်။
နဗီးလ်၏ဗလင်စီယာအသင်းမှာ သူစတင်ကိုင်တွယ်ချိန်တွင် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်အထိ တက်လာနိုင်သော်လည်း လာလီဂါတွင်မှုနိုင်ပွဲ ညမရသေးပေ။
U Myo Thant