Champions League

ချန်ပီယံလိဂ်မှာ ဖယ်ကာအိုမပါ

Feb 04 , 2016

တိုက်စစ်မှုးဖယ်ကာအိုမှာ ချဲလ်ဆီးအသင်း၏ ချန်ပီယံလိဂ်လူစာရင်း၂၅ဦးထဲတွင်ပါဝင်ခြင်းမရှိတော့ကြောင်း သိရသည်။

ယခုရာသီတွင်ချဲလ်ဆီးသို့အငှားစာချုပ်ဖြင့်ရောက်လာသော ဖယ်ကာအိုမှာ ပရီးမီးယားပွဲ၁ပွဲကိုသာ ပွဲဦးထွက်ကစားသမားဘ၀အဖြစ် ကစးခွင့် ရခဲ့ပြီး ဇန်န၀ါရီတွင် အက်သလက်တီကိုသို့ ပြောင်းရန်ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့သူဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ရောက်ရှိနေပြီး ထိုပွဲစဉ်အတွက် လူစာရင်းထုတ်ပြန်ရာတွင် ဖယ်ကာအိုအစား မီလန် ကစားသမားဟောင်း ပါတို ပါဝင်လာခဲ့သည်။

နယူယောက်ရက်ဒ်ဘူးလ်အသင်းမှ ပြောင်းရွှေ့လာသော အသက် ၂၀ အရွယ် နောက်ခံလူ မီအက်ဂါမှာ ထိုလူစာရင်းတွင်ပါဝင်ခဲ့သည်။

ဘရာဇီးသားပါတိုမှာ ချဲလ်ဆီးသို့ ၆လအငှားစာချုပ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here