Other World Cup Football News

ကစားသမား၁၅ဦးပွဲပယ်ခံရ

Feb 05 , 2016

အာဂျင်တီးနားတွင်ကျင်းပသော ရာသီကြိုချစ်ကြည်ရေးခြေစမ်းပွဲတွင် နှစ်ဘက်ကစားသမားများရန်ဖြစ်ခဲ့ကြသည့်အတွက် ကစားသမား၁၅ဦးကို ၁ပွဲမှ၈ပွဲအထိ ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အာဂျင်တီးနားကလပ်၂ခုဖြစ်သော အက်စတူးဒီးယင့်နှင့် လာပလာတာ အသင်းတို့ခြေစမ်းပွဲကစားခဲ့ရာတွင် နှစ်ဘက်ကစားသမားများ လက်သီးဖြင့်ထိုး၊ခြေထောက်နှင့်ကန်ကြ၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က အက်စတူးဒီးယင့်မှ ပီရီးယား၊အန်ဒူဂျာနှင့် လာပလာတာမှ မက်ဇိုလာတို့ကို ၈ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

လာပလာတာမှအခြားကစားသမား၃ဦးမှာ ၅ပွဲစီ၎င်း၊နှစ်သင်းစလုံးမှအခြားကစားသမား ၉ဦးအား ၁ပွဲမှ ၄ပွဲအထိ ပွဲပယ်ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ကစားသမား၁၂ဦးကို လိဂ်ပွဲ၂ပွဲ ကွင်းအတွင်းမ၀င်ရ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အက်စတူးဒီးယင့်မှ ၈ ပွဲအပယ်ခံရသောပီရီးယားမှာ လာလီဂါကလပ်ဂီတာဖေးမှ အငှားဖြင့်လာရောက်ကစားသူဖြစ်ပြီး ယခုပြစ်ဒဏ်ကြောင့် ဧပြီလအထိ ကစားခွင့်ရဦမည် မဟုတ်ပေ။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here