La-liga News

နဗီးလ်အကြောင်းပြောတဲ့သူ

Feb 05 , 2016

ဘာစီလိုနာကို ၇းဝဖြင့်ဂိုးပြတ်ရှုံးခဲ့ပြီးနောက်တွင် ဗလင်စီယာနည်းပြ နဗီးလ်အနေနှင့် ပရိသတ်ကိုတောင်းပန်ပြီး ရာထူးမှထွက်သွားသင့်သည်ဟု ဂိုးသမားဟောင်း ကာနီဇာရက်စ်ကပြောဆိုလိုက်သည်။

ဗလင်စီယာအသင်းမှာ ဗုဒ္ဇ္ဓဟူးနေ့က စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ် ပထမအကျော့တွင်ဘာစီလိုနာကို ဂိုးပြတ်ရှုံးခဲ့ခြင်းဖြစ်သည်။

ကာနီရက်စ်က ကျနော်အနေနဲ့ နည်းပြဟာတောင်းပန်မှုတွေနဲ့အတူ နှုတ်ထွက်သွားမယ်လို့မျှော်လင့်ပါတယ်။အားကစားဒါရိုက်တာဂါစီယာက နဗီးလ်ကို ယုံကြည်ပါတယ်လို့ တနလာင်္နေ့မှာပြောခဲ့ပါတယ်။ အခုရလဒ်အပေါ်ကော ဘာများပြောအုံးမလဲ?၊ရှုံးတတ်ပေမယ့် ကစားပုံကိုက နိုင် လို စိတ်မရှိသလိုဖြစ်နေတာဟာ နည်းပြအပေါ်မှာ အများကြီးမှုတည်ပါတယ်ဟု ပြောဆိုခဲ့သည်။

ကာနီဇာရက်စ်မှာ ဗလင်စီယာအတွက် ပွဲပေါင်း ၄၀၀ကျော်ကစားပေးခဲ့ကာ လာလီဂါချန်ပီယံ ၂ကြိမ်နှင့် စပိန်ဘုရင့်ဖလား ၂ကြိမ်ရခဲ့သူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here