FA Cup News

ပွဲကျပ်နေတဲ့မန်စီးတီး

Feb 05 , 2016

FAဖလားပွဲကစားမည့်ရက်ကိုရွှေ့မည့်အစီအစဉ်ကြောင့် မန်စီးတီးမှာ FAဖလားပွဲနှင့် ချန်ပီယံလိဂ်ပွဲတို့ကို ၃ရက်သာခြား၍ ကစားရလိမ့်မည်ဖြစ် သည်။

မန်စီးတီးအသင်း၏ ချဲလ်ဆီးနှင့်စတန်ဖို့ဒ်ဘရစ်ခ်ျတွင် ကစားမည့်ပွဲကို ဖေဖော်ဝါရီ ၂၁ရက်သို့ ရက်ရွှေ့မည်ဆိုသဖြင့် ယူကရိန်းကလအ်နှင့်ကစား ရမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲအတွက်ကြားတွင် ၃ရက်သာအချိန်ရမည်ဖြစ်သည်။

ထို့အပြင် ယင်းယူကရန်းပွဲမှပြန်လာပြီးပါက တနင်္ဂနွေနေ့တွင်လီဗာပူးနှင့်ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲကစားရမည်ဖြစ်၍ ပွဲကျပ်၃ပွဲကို တစ်ပါတ် အတွင်းကစားရလိမ့်မည်ဖြစ်သည်။

BBCမှတိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်ကြောင့် ယခုကဲ့သို့ FAဖလားပွဲစဉ်ကို ရက်ရွှေ့ရခြင်းဟုသိရသည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိနေသော မန်စီးတီးမှာ မနက်ဖြန်တွင် ဇယားထိပ်မှလက်စတာနှင့်ကစားပြီးနောက် ချဲလ်ဆီး၊ ဒိုင်နမိုကိယက်၊လီဗာပူးတို့နှင့် ၇-ရက်အတွင်း ၃ပွဲကစားရမည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here