Europa League

ယူရိုပါလိဂ်ကိုစိတ်မ၀င်စားတဲ့ပရိသတ်

Feb 05 , 2016

မစ်ဂျေးလန်းနှင့်ကစားရမည့် ယူရိုပါလိဂ်အိမ်ကွင်းပွဲကို မန်ယူပရိသတ်များလာရောက်အားပေးရန် စိတ်ဝင်စားကြခြင်းမရှိဟု သိရသည်။

မန်ယူအသင်းမှာ ယူရိုပါလိ၈်၃၂သင်းအဆင့် ပွဲစဉ်အဖြစ် လာမည့် ၁၈ရက်နေ့တွင် ဒိန်းမတ်ကလပ်မစ်ဂျေးလန်းနှင့်အဝေးကွင်းပွဲ ကစားရ မည်ဖြစ်ပြီး နောက်တစ်ပတ်အကြာတွင် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ် ၌ဒုတိယအကျော့ပွဲ ကစားရမည်ဖြစ်သည်။

သို့သော် ယင်းဒုတိယအကျော့အိမ်ကွင်းပွဲအတွက် လက်မှတ်ဝယ်ယူမှုမှာ သိသာစွာလျော့နည်းလျက်ရှိသည်။

မန်ယူအသင်းအနေနှင့်ယင်းပွဲစဉ်အတွက် လက်မှတ်များအားလုံးကို ၂၅% လျှော့ချပေးခဲ့သော်လည်း ရောင်းအားတက်မလာပဲ ရှိနေသေးသည်။

မန်ယူအသင်း၏ လွန်ခဲ့သော ၄နှစ်က ယူရိုပါလိဂ်သို့ ဆင်းကစားခဲ့ရစသ်က ဘီလ်ဘာအိုနှင့်တွေ့ခဲ့ရာတွင် ပရိသတ်အနည်းဆုံးစံချိန်အဖြစ် ၅၉၂၆၅ သာလာရောက်ကြည့်ရှုခဲ့ပြီး အသင်းမှာလည်း ၂း၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။

U Myo Thant

<< Back Europa League


Advertisement
Here