Other World Cup Football News

ဖလားရချင်တဲ့ကိုးလ်

Feb 06 , 2016

LA ဂလက်ဇီနှင့်စာချုပ်ချုပ်ဆိုခဲ့သောနောက်ခံလူ အက်ရှ်လေကိုးလ်က သူသည် ဂလက်ဇီသို့ဆုဖလားများရရေးအတွက် ရောက် လာခြင်းဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေတွင်သွားထိုင်၍မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်သူကိုးလ်မှာ အာဆင်နယ်၊ချဲလ်ဆီးတို့တွင်ကစားခဲ့ပြီးနောက် ရိုးမားသို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

သို့သော်ရိုးမားတွင် ယခုရာသီတစ်ပွဲမျှ ပါဝင်ကစားခွင့်မရခဲ့သဖြင့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် မေဂျာလိဂ်ကလပ်သို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

ကိုးလ်က LA ဂလက်ဇီတွင် အသားကျကျကစားသွားနိုင်ရေးအတွက် မေဂျာလိဂ်သို့အရင်ရောက်နှင့်နေသည့် အင်္ဂလန်ကစား သမားဟောင်းဖြစ် သည့် လမ်းပတ်၊ဂျရတ် တို့နှင့်လည်း တွေ့ဆုံအကြံဥာဏ်တောင်းခဲ့ပြီး ဖြစ်သည်ဟုပြောဆိုခဲ့သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here