La-liga News

နဗီးလ်အကြောင်းပြောတဲ့ဝင်းဂါး

Feb 06 , 2016

ဖိအားများအောက်ရောက်နေရသော ဗလင်စီယာနည်းပြနဗီးလ်၏အခြေအနေမှာ အတွေ့အကြုံနည်းသည့်အကျိုးကျေးဇူးကိုပေးဆပ်နေ ရခြင်းဖြစ်ကြောင်း အာဆင်နယ်နည်းပြ ၀င်းဂါးကပြောဆိုလိုက်သည်။

ဒီဇင်ဘာလတွင် ဗလင်စီယာကိုစတင်ကိုင်တွယ်ခဲ့သောနဗီးလ်မှာ လာလီဂါတွင်နိုင်ပွဲမရသေးပဲ စပိန်ဘုရင့်ဖလားတွင်ဆီမီးသို့တက်နိုင်ခဲ့သော် လည်း ပထမအကျော့တွင်ဘာစီလိုနာကို ၇-ဂိုးပြတ်ဖြင့်ရှုံးခဲ့သဖြင့် ဝေဖန်မှုပေါင်းစုံကိုခံရလျက်ရှိနေသည်။

ဝင်းဂါးက ခင်ဗျားဟာ ဂွာဒီယိုလာဆိုရင် အသင်းငယ်လေးကို ကိုင်ရမှာမဟုတ်ပါဘူး။ဘာစီလိုနာလိုအသင်းမျိုးကိုကိုင်ရလိမ့်မယ်။ဒါပေမယ့် ခင်ဗျား ဟာ အတွေ့အကြုံအရမ်းနုရင်တော့ အသင်းကြီးကို ကိုင်ခွင့်ရတာဟာ တကယ့်စိန်ခေါ်မှုကြီးဖြစ်လာမှာပဲ၊အတွေ့အကြုံကနေ ဖိအားတွေကနေ ခင်ဗျားသင်ယူစရာရှိတာ သင်ယူသွားရပါလိမ့်မယ်။အခု နဗီးလ်ဖြစ်နေတာလည်း ဒီလိုပါပဲ။အသင်းအခြေအနေဆိုး နေချိန်မှာအတွေ့ အကြုံနည်းနည်းနဲ့ ၀င်ကိုင်ရတော့ ဒီလိုဖြစ်လာမှာပဲလေ ဟုပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here