La-liga News

စံချိန်ဆိုးများနှင့်နဗီးလ်

Feb 08 , 2016

ဗလင်စီယာကိုတာဝန်ယူခဲ့သည့် ၉ပွဲတွင် ၅မှတ်သာရခဲ့သဖြင့် နည်းပြနဗီးလ်၏မှတ်တမ်မှာ အသင်း၏လာလီဂါသက်တမ်းတစ်လျှောက် အဆိုးဆုံးအဖြစ်စံချိန်တင်ခဲ့ပြီဖြစ်သည်။

စပိန်ဘုရင့်ဖလားပွဲတွင် ဆီမီးရောက်ခဲ့သော်လည်း လာလီဂါပွဲများတွင် ၉ပွဲကစား ၅ပွဲသရေ ၄ပွဲရှုံးခဲ့သည့်အတွက် အဆိုးဆုံးစံချိန်ဖြစ်ခဲ့ရသည်။

နဗီးလ်၏ ဒီဇင်ဘာ ၁၃ရက်နေ့တွင် ဗလင်စီယာနည်းပြအဖြစ်စတင်တာဝန်ယူခဲ့ပြီး ယင်းအချိန်မှစ၍ ယမန်နေ့အထိအသင်းပေါင်း ၂၀ ကစားခဲ့ကြသည့်မှတ်တမ်းတွင် ဗလင်စီယာတစ်သင်းတည်းသာ နိုင်ပွဲ ပျောက်နေဆဲအသင်းဖြစ်သည်။

အဆိုပါကာလအတွင်း ဗီလာရီးရဲလ်မှာ ၉ ပွဲကစား ၂၁ မှတ်ဖြင့်အမှတ်အများဆုံးရယူနိုင်ခဲ့ပြီး အက်စပန်ညိုမှာ ဗလင်စီယာနှင့်အတူ ၅ မှတ် သာရခဲ့သော်လည်း ကစားရသည်မှာ ၇ပွဲသာဖြစ်ကာ နိုင်ပွဲ၁ပွဲ ရရှိ ခဲ့သည်။

စကိုင်းစပို့တွင် အားကစားသတင်းဝန်ဖန်သူအဖြစ်လုပ်ကိုင်နေရာမှ ဗလင်စီယာနည်းပြဘ၀ရောက်လာသူနဗီးလ်မှာ အထုတ်ခံရနိုင်သည့် နည်းပြများစာရင်းထဲတွင် ထိပ်ဆုံးမှရှိနေသည်။

လက်ရှိတွင်ဗလင်စီယာမှာ အဆင့် ၁၃တွင်ရှိနေသော်လည်း တန်းဆင်းဇုံအသင်းနှင့် ၄ မှတ်သာကွာခြားလျက်ရှိနေသည်။

U Myo Thant




<< Back La-liga News


Advertisement
Here