Serie-A News

ချဲလ်ဆီးရောက်နိုင်သော အယ်လီဂရီ

Feb 09 , 2016

ဂျူဗင်တပ်နည်းပြအယ်လီဂရီမှာ လာမည့်ရာသီတွင်ချဲလ်ဆီးသို့ရောက်ရှိသွားနိုင်ကြောင်း ဂျူဗင်တပ်နည်းပြဟောင်း ဂါလီယိုနီကပြောဆိုလိုက်သည်။

ပြီးခဲ့သောဒီဇင်ဘာလတွင် မော်ရင်ဟိုကိုထုတ်ပယ်ခဲ့သည့် ချဲလ်ဆီးအသင်းမှာ လာမည့်ရာသီတွင် တရားဝင်နည်းပြတစ်ဦးကို ခန့်ထား မည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော နည်းပြများစာရင်းတွင် အယ်လီဂရီလည်းပါဝင်လျက်ရှိနေသည်။

ဂျူဗင်တပ်နှင့်အတူ စီးရီးအေချန်ပီယံဖလား ၂ကြိမ်ဆက်ရရှိထားသော အယ်လီဂရီမှာ အသင်းနှင့် ၂၀၁၇ အထိစာချုပ်ရှိနေသူဖြစ်သည်။

အသက် ၇၅ နှစ်ရှိပြီဖြစ်သည့် ဂါလီယိုနီမှာ ဂျူဗင်တပ်ကိုကိုင်တွယ်ခဲ့စဉ်က ကစားသမားတစ်ဦးဖြစ်သည့် အယ်လီဂရီမှာ ချဲလ်ဆီးကိုကိုင်တွယ်ရန် မည်သည့်အခက်အခဲမျှ မရှိနိုင်သူဖြစ်ကြောင်း၊ အကယ်၍ စီးရီးအေကိုစွန့်ခွာမည်ဆိုပါက အယ်လီဂရီ အတွက်အသင့်တော်ဆုံးမှာ ချဲလ်ဆီး ပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဂျူဗင်တပ်အသင်းမှာ လက်ရှိတွင် ၁၄ ပွဲဆက်တိုက်နိုင်ပွဲရမှုနှင့်အတူ စီးရီးအေဖလား ၅ကြိမ်ဆက်ရရန် အခြေအနေကောင်းနေဆဲဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here