La-liga News

စံချိန်သစ်တင်တော့မည့်ဘာစီလိုနာ

Feb 09 , 2016

ပြီးခဲ့သော တနင်္ဂနွေနေ့က လီဗန်တေးကို နိုင်ခဲ့သောပွဲစဉ်အပြီးတွင် ဘာစီလိုနာမှာ ၂၀၁၀-၁၁ ကတင်ထားခဲ့သော ၂၈ ပွဲဆက်တိုက်ရှုံးပွဲ မရှိ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဗလင်စီယာနှင့်ပွဲတွင် အနည်းဆုံးသရေကျခဲ့ပါက စံချိန်သစ်ထပ်တင်နိုင်တော့မည်ဖြစ်သည်။

ဗလင်စီယာနှင့်ပွဲမှာ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဖြစ်ပြီး ပထမအကျော့တွင် ဘာစီလိုနာက ၇းဝ ဖြင့်နိုင်ထားခဲ့သည်။

ထို့အပြင် ယင်းလာမည့်ပွဲစဉ်မှာနည်းပြ အင်းနရစ်အတွက် ဘာစီလိုနာကို ပွဲ ၁၀၀ ပြည့်ကိုင်တွယ်သည့်ပွဲဖြစ်သည်။

ဘာစီလိုနာအသင်းမှာ လွန်ခဲ့သောရာသီက ဖလား ၃ခုရခဲ့ပြီး လက်ရှိအချိန်တွင်လည်း လာလီဂါတွင် တစ်ပွဲလျော့အနေအထားမှာပင် အနီးဆုံးပြိုင် ဘက် အက်သလက်တီကိုကို ၃ မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here