La-liga News

ရိုနယ်ဒိုအကြောင်းပြောတဲ့ကာပယ်လို

Feb 09 , 2016

ရီးရဲလ်နည်းပြဟောင်းကာပယ်လိုကစီရိုနယ်ဒိုမှာ အနည်းဆုံးနောက်၃နှစ်ခန့်ကစားနိုင်သေးသည်ဟု ပြောဆိုလိုက်သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သောစီရိုနယ်ဒိုမှာ ယခုရာသီလာလီဂါတွင် ၂၃ ပွဲကစား ၁၉ ဂိုးသွင်းထားပြီဖြစ်ပြီး ယခုကဲ့သို့ ထိပ်တန်းလိဂ်မျိုး တွင် နောက် ၃ရာသီခန့် ကစားနိုင်သေးကြောင်း ကာပယ်လိုကပြောဆို လိုက်သည်။

ဂရာနာဒါကို ၂း၁ ဖြင့်နိုင်ခဲ့သောပွဲစဉ်တွင် စီရိုနယ်ဒိုမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ရီးရဲလ်၏ဂိုးအများဆုံးသွင်းထားပေးသည့် စီရိုနယ်ဒိုမှာ အကောင်းဆုံးပုံစံနှင့် နောက် ၃နှစ်ခန့်ကစားနိုင် သေးကြောင်း၊ သူကိုယ်သူအကောင်းဆုံးဂရုစိုက်နိုင်ခြင်းကြောင့် အသက် ၃၄ နှစ် အရွယ်ထိ ကစားနိုင်ဦးမည်သာဖြစ်ကြောင်း ၊ သူ့ကဲ့သို့ ဂိုးသွင်းကောင်းသူမျိုးကို ရှာတွေ့ရန်လွယ်မည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here