Other World Cup Football News

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ သုဝဏ္ဏကွင်းတွင်ကျင်းပမည်

Feb 10 , 2016

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန် ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ရာ အိမ်ရှင်မြန်မာလက်ရွေးစင်အသင်းအပါအ၀င် စင်ကာပူ၊ဗီယက်နမ်နှင့် ဟောင်ကောင်လက်ရွေးစင်ဘောလုံးအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို စင်ကာပူကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၌ကျင်းပမည့် Merlion ဖလားပြိုင်ပွဲ ပျက်သွားသဖြင့် စင်ကာပူကုမ္ပဏီမှ မြန်မာနိုင်ငံ၌ လေးနိုင်ငံပြိုင်ပွဲတစ်ရပ်ကျင်း ပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှစတင်ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိမည့်နှစ်သင်းမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ရှုံးနိမ့်သည့်နှစ် သင်းမှာ တတိယနေရာလုပွဲကစားရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပမည့်ရက်မှာ အာရှဖလားခြေစစ်ပွဲအခြေအနေကိုကြည့်ပြီး အပြောင်းအလဲရှိနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တွဲဖက် အတွင်းရေးမှုး ဦးကိုကိုသိန်းကပြောသည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စင်ကာပူအသင်းက တရားဝင်အကြောင်းပြန်ထားပြီး ကျန်အသင်းများမှာ လည်း နှုတ်အားဖြင့် သဘောတူညီထားပြီးဖြစ်သည်။

ချီးမြှင့်မည့်ဆုကြေးနှင့် ပွဲစဉ်ဇယားကို ပြိုင်ပွဲကျင်းပမည့်ရက်နီးချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here