La-liga News

တရုတ်ကိုမရွှေ့တဲ့တူရန်

Feb 10 , 2016

ဘာစီလိုနာကွင်းလယ်ကစားသမားတူရန်မှာ တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့မည်မဟုတ်ကြောင်း သူ၏အေးဂျင့်ဖြစ်သူ ဘူလက်ကပြောဆိုလိုက် သည်။

တူရန်မှာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအန်သို့ ၁ နှစ်တာလစာ ယူရိုသန်း၂၀ဖြင့် ၅နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့တော့မည်ဟုမီဒီယာ များကဖော်ပြခဲ့ပြီးနောက် အေးဂျင့်ဖြစ်သူကငြင်းဆိုလိုက်သည်။

တူရကီလူရွေးစင်တူရန်မှာ လွန်ခဲ့သောနွေတွင် အက်သလက်တိကိုမှ ဘာစီလိုနာသို့ရောက်ခဲ့သော်လည်း ပြီးခဲ့သည့်ဇန်န၀ါရီလတွင်မှ စတင် ပါဝင်ကစားခွင့်ရခဲ့သူဖြစ်သည်။

ဘူလတ်က တူရန်အတွက် တရုတ်ဘက်မှ မည်သည့်ကမ်းလှမ်းချက်မှ မရှိသကဲ့သို့တူရန်မှာလည်း ဘာစီလိုနာတွင်သာဆက်ရှိနေဦး မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်စပါလိဂ်မှကလပ်များမှာ ငွေကြေးများစွာသုံး၍ ဥရောပမှဘောလုံးသမားများကို မကြာမီလပိုင်းအတွင်းကစ၍ ခေါ်ယူနေဆဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here