Bundesliga News

ဆန္ဒပြတဲ့ဒေါ့မွန်ပရိသတ်

Feb 10 , 2016

အဝေးကွင်းလက်မှတ်ခကို ယူရို ၇၀ အထိသတ်မှတ်လိုက်ခြင်းကြောင့် စတုဂတ်နှင့်ကစားရသည့်ဂျာမန်ဖလားကွာတားဖိုင်နယ်ပွဲတွင် ဒေါ့မွန် ပရိသတ်များက ကွင်းအတွင်းသို့ တင်းနစ်ဘောလုံးများဖြင့် ပစ်ပေါက်၍ ဆန္ဒပြခဲ့ကြသည်။

ပရီးမီးယားလိဂ်မှလီဗာပူးအသင်းမှာလည်း လက်မှတ်ခတိုးမြှင့်မှုကြောင့် ဆန်းဒါးလန်းနှင့်ပွဲတွင်ပရိသတ်များ ဆန္ဒပြခဲ့ကြပြီး ယခုဘွန်ဒစ်လီဂါ ကလပ် ဒေါ့မွန်ပရိသတ်များကဆန္ဒပြခဲ့ခြင်းဖြစ်သည်သည်။

ဒေါ့မွန်ပရိသတ်များမှာ ကွင်းအတွင်းသို့ နောက်ကျမှဝင်ရောက်လာကြပြီးနောက် ပိုစတာစာတန်းများကိုင်မြှောက်၍၎င်း၊ရာနှင့်ချီသော တင်းနစ်ဘောလုံးများကို ကွင်းအတွင်းပစ်ပေါက်၍၎င်းဆန္ဒပြခဲ့ကြသည်။

စတုဂတ်အသင်းမှာအဝေးကွင်းတွင် မတ်တပ်ရပ်အားပေးရမည့်လက်မှတ်ခကို ယူရို ၁၉.၅၊ ထိုင်ခုံ လက်မှတ်ခကို ယူရို ၃၈.၅ သာသတ်မှတ် ထားခဲ့သည်။

ပရိသတ်များက ပွဲကစားချိန်မိနစ် ၂၀ မှစ၍ ၂၅ မိနစ်ခန့်အထိ တင်းနစ်ဘောလုံးကွင်းများအတွင်း ပစ်ပေါက်ခဲ့သဖြင့် ပစ်ပေါက်ပြီးသွားချိန်တွင် ပွဲကို ခေတ္တရပ်နား၍ကစားသမားများက ဘောလုံးများကို ကွင်း စည်းအပြင်သို့ ဖယ်ထုတ်ခဲ့ကြပြီးမှ ပွဲကိုဆက်ကစားခဲ့ကြသည်။

ထိုပွဲတွင် ဒေါ့မွန်က ၃း၁ ဖြင့်အနိုင်ရခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့တက်ခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here