FA Cup News

တစ်ဆင့်တက်သောဝက်စ်ဟမ်း

Feb 10 , 2016

FA ဖလားစတုတ္တဆင့် ပြန်ကန်ပွဲစဉ်တွင် ၀က်စ်ဟမ်းအသင်းမှာ လီဗာပူးကို ၂-၁ ဖြင့်အနိုင်ရပြီး နောက်တစ်ဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။

စတုတ္တပွဲစဉ်အဖြစ် ဇန်န၀ါရီ ၃၁ ရက်နေ့ကအန်းဖီးလ်တွင်ကစားခဲ့သောပွဲစဉ်၌ ဂိုးမရှိသရေကျခဲ့သဖြင့် ယခုပြန်ကန်ပွဲစဉ်အဖြစ်ကစားရာ၌ အိမ်ရှင် ၀က်စ်ဟမ်းအသင်းက အန်တိုနီယို၏ ၄၅ မိနစ်တွင် သွင်းခဲ့ သောဂိုးဖြင့်ဦးဆောင်ခွင့်ရခဲ့သည်။

ဒုတိယပိုင်းပြန်စပြီး ၃ မိနစ်အကြာတွင် ကော်တင်ဟိုက လီဗာပူးအတွက်ချေပဂိုးသွင်းပေးခဲ့ပြီး မိနစ် ၉၀ အထိ သရေကျနေသဖြင့် အချိန်ပိုဆက် ကစားရာပင်နယ်တီအဆုံးအဖြတ်ရယူရတော့မည်ဟု ထင်မှတ်နေချိန် နာကျင်အချိန်ပို ၁ မိနစ်တွင် အိုဘွန်နာက အိမ်ရှင်အသင်းအတွက် အနိုင်ဂိုး သွင်းပေးခဲ့သည်။

ပရီးမီးယားလိဂ်အဆင့် ၆တွင်ရှိနေသော ၀က်စ်ဟမ်းအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေသောအသင်းဖြစ်ပြီး FA ဖလားပဉ္စမဆင့် တွင် ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းနှင့် ၂၁ ရက်နေ့တွင် အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here