Champions League

သက်တမ်းတိုးမည့်ဘလန့်စ်

Feb 11 , 2016

PSG နည်းပြ လောရင့်ဘလန့်စ်မှာ ယခုအပတ်တွင် အသင်းနှင့်စာချုပ်သက်တမ်းတိုးတော့မည်ဖြစ်သည်။

PSG အနေနှင့် ချန်ပီယံလိဂ်တွင်အောင်မြင်မှုမရခဲ့ပါက အသင်းနှင့်လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းကိုဘလန့်စ်က ငြင်းဆို လိုက်ပြီး ပြင်သစ်လိဂ်ဖလားပွဲစဉ်တွင် လိုင်ယွန်ကို ၃းဝဖြင့် နိုင်ခဲ့ပြီးနောက် စာချုပ်သစ်ကိစ္စကိုဘလန့်စ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

စာချုပ်ကိစ္စက ဒီရက်ပိုင်းအတွင်းဖြစ်လာပါလိမ့်မယ်။ပွဲဆက်များတာကိုတော့ ဘာမှမပြောလိုတော့ပါဘူး။ကျနော့်ကစားသမားတွေဟာ အရာရာ တိုင်းကို အနိုင်ရလိုသူတွေပါ။နည်းပြဖြစ်တဲ့ကျနော်ကလည်း နိုင်ပွဲတွေကိုရှာဖွေနေသူပါပဲဟု ပြောဆိုခဲ့သည်။

PSGအသင်းမှာ လာမည့် စနေနေ့တွင် ပြင်သစ်လိဂ်ဝမ်းပွဲစဉ်အဖြစ် လိုင်လီနှင့်ကစားရမည်ဖြစ်ပြီး ထို့နောက်တွင် ချန်ပီယံလိဂ်ရှုံးထွက်ပထမ အကျော့အဖြစ် ချဲလ်ဆီးနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

PSGမှာ အမှတ်ပေးဇယားတွင် အနီးဆုံးပြိုင်ဘက် မိုနာကိုကို ၂၄ မှတ်ဖြတ်၍ဦးဆောင်နေသော အသင်းဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here