La-liga News

ထောက်ခံမှုမျှော်နေသောနဗီးလ်

Feb 11 , 2016

ယမန်နေ့ကဘာစီလိုနာနှင့်ကစားသည့် စပိန်ဘုရင့်ဖလားပွဲတွင် ပရိသတ် ၄ပုံ၁ပုံခန့်သာလာရောက်ခဲ့သော်လည်း ပရိသတ်များအနေနှင့်သူ့ အပေါ်ထောက်ခံရန် ဗလင်စီယာနည်းပြနဗီးလ်က ယုံကြည်မျှော် လင့်လျက်ရှိသည်။

ယင်းဘာစီလိုနာနှင့်ပွဲတွင် ၁ဂိုးစီသရေကျခဲ့သော်လည်း ပထမအကျော့က ၇းဝဖြင့်ရှုံးနိမ့်ထားခြင်းကြောင့် နှစ်ကျော့ပေါင်း ၁း၈ ဖြင့် ဗလင်စီယာမှာ စပိန်ဘုရင့်ဖလားပွဲတွင် ဆီမီးအဆင့်နှင့်သာကျေနပ်လိုက် ရပြီဖြစ်သည်။

ယင်း၁ဂိုးစီသရေကျသောပွဲတွင် ၁ဂိုးစီသရေကျခဲ့သောပွဲတွင် ပရိသတ်တစ်သောင်းကျော်သာ လာရောက်ကြည့်ရှုခဲ့ကြသည်။

လာလီဂါပွဲစဉ်များတွင်နိုင်ပွဲရှာမရသေးသောနဗီးလ်မှာ ဖိအားများနှင့်ရင်ဆိုင်နေရပြီး လာမည့် တနင်္ဂနွေနေ့တွင် အက်စပန်ညိုနှင့်လာလီဂါ ပွဲကြာသာပတေးညတွင် ရက်ပစ်ဗီယင်နာနှင့်ယူရိုပါလိဂ်ပွဲများကို အိမ်ကွင်းတွင် ကစားရဦးမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here