World CUp 2014 News

နည်းပြသစ်ခန့်မည့် ဘရာဇီး

Jul 22 , 2014

ဘရာဇီး ဘောလုံးအဖွဲ့ချုပ်သည် ယနေ့အင်္ဂါနေ့တွင် နည်းပြသစ်ခန့်အပ်မည် ဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော စကိုလာရီမှာ လွန်ခဲ့သောအပတ်က ဘရာဇီးနည်းပြအဖြစ်မှ နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး နည်းပြသစ် အဖြစ်ခန့်အပ်ခံရရန် ရေပန်းစားနေသူများမှာ ၂၀၀၆ မှ ၂၀၁၁ အထိ တာဝန်ယူခဲ့ဘူးသော ဒွန်ဂါ၊ ကိုရင်သီဟန် နည်းပြ တိုက်တ်၊ ဆာပေါ်လိုနည်းပြ ရာမယ်ဟို၊ ၁၉၉၈ မှ ၂၀၀၀ တာဝန်ယူခဲ့သည့် လူဇင်ဘာဂို တို့ ဖြစ်ကြသည်။

ဘရာဇီးအသင်းမှာ အိမ်ရှင်အဖြစ်တာဝန်ယူခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်အထိ တက်ခဲ့သော်လည်း စံချိန်သစ်အဖြစ် ဂျာမနီကို ၇း၁ နှင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီး တတိယနေရာလုပွဲတွင်လည်း ဟော်လန်ကို ၃းဝ ဖြင့် ရှုံးခဲ့သည်။

ထိုကဲ့သို့ အိမ်ကွင်းတွင် ၂ ပွဲဆက်ရှုံးရခြင်းမှာ ၁၉၄၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here