Bundesliga News

ဟော့ဖန်ဟိန်းနည်းပြနှုတ်ထွက်

Feb 11 , 2016

အသက် ၆၂ နှစ်အရွယ်ဟော့ဖန်ဟိန်းနည်းပြ စတီဗင်စ်မှာ ကျန်းမာရေးအခြေအနေအရ ရာထူးမှနှုတ်ထွက်လိုက်ပြီဖြစ်သည်။

ဟော်လန်သား စတီဗင်စ်မှာ အခြေအနေဆိုးနေသောဟော့ဖန်ဟိန်းအသင်းကို လွန်ခဲ့သောအောက်တိုဘာလမှ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ဒီဇင်ဘာ ၁၂ရက်နေ့က အိမ်ကွင်းတွင်ဟန်နိုဗာကို ၁းဝ ဖြင့် နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ နောက်ဆုံး၎ပွဲမှာ နိုင်ပွဲမရှိသေးပဲ အသင်းမှာ တန်းဆင်းဇုံအဆင့် ၁၇ သို့ရောက်နေကာ တန်းဆင်းဇုန်လွတ်သည့်နေရာနှင့် ၇-မှတ်ဝေးကွာနေဆဲဖြစ်သည်။

စတီဗင်စ်က မိမိအနေနှင့်အသင်းနှင့်လမ်းခွဲလိုက်ရခြင်းအတွက် များစွာဝမ်းနည်းပါကြောင်း၊အသင်းအနေနှင့် စိန်ခေါ်မှုများအတွက် အကောင်း ဆုံးဖြစ်အောင် ရုန်းရမည့်အချိန်တွင် မိမိဆက်မပါနိုင်တော့၍ စိတ်မကောင်းပါကြောင်း၊သို့သော်လည်း မိမိ၏ကျန်းမာရေးအခြေ အနေကြောင့် ဆိုသည်ကိုနားလည်ပြီး ခွင့်လွှတ်ပေးကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here