Article

မန်ယူမော်ရင်ဟိုနှင့်ပေါင်၄၅သန်း

Feb 11 , 2016

ရလဒ်လေးတွေ ပြန်ကောင်းလာချိန်မှာပဲ မန်ယူပရိသတ်တွေ အလန့်တကြားဖြစ်စေတဲ့သတင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့သည်။

ကျနော်...မန်ယူနဲ့သဘောတူခဲ့ပြီးပြီဆိုတဲ့စကားနဲ့အတူ လာမယ့်ရာသီမှာ မန်ယူကိုမော်ရင်ဟိုကိုင်တွယ်တော့မည်ဆိုတဲ့သတင်းပါပဲ။

အရင်ကတော့ချဲလ်ဆီးကနေ ဒီဇင်ဘာလမှာ အထုတ်ခံရတဲ့မော်ရင်ဟိုဟာ ဟိုရောက်မလို ဒီရောက်မလိုနဲ့မသေချာတဲ့ သတင်းတွေပဲရှိ ခဲ့ပေမယ့် အခုတော့ မော်ရင်ဟို မန်ယူရောက်တော့မယ်ဆိုတဲ့ သတင်းဟာ ရေပန်းစားဆုံးသတင်းဖြစ်နေပါပြီ။

Mirror သတင်းဌာနရဲ့အဆိုအရ မော်ရင်ဟိုဟာ ၁နှစ်လစာ ပေါင် ၁၅ သန်းနဲ့ ၃နှစ်စာချုပ်ချုပ်ဖို့ မန်ယူနဲ့ အကြိုသဘောတူထားပြီးပြီလို့ဆိုပါ တယ်။

ဒီသတင်းကြောင့် အရင်ဆုံးရိုက်ခတ်ခံရမယ့်သူက လက်ရှိနည်းပြဗန်ဂေါလ်ဖြစ်သလို လက်ထောက်နည်းပြ ဂစ်နဲ့ အဓိက ကစားသမားတစ်ချို့ လည်း ပါဝင်ကြပါတယ်။

၂၀၁၇ မှာမှ စာချုပ်စေ့မယ့်ဗန်ဂေါလ်အတွက် ဒီသတင်းဟာ သတင်းဆိုးဖြစ်သလို တစ်ချိန်လုံးပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂစ်အတွက် လည်း မော်ရင်ဟိုဟာ လက်တွဲဘက်ကောင်းဖြစ်လာနိုင်မလား ဆိုတာမေးစရာပါပဲ။

ဒါ့အပြင်မော်ရင်ဟိုဟာ ကွင်းလယ်ကစားသမား ၂ယောက်ဖြစ်တဲ့ ချဲလ်ဆီးကစားသမားဟောင်း မာတာနဲ့ အဲဗာတန်ကစားသမားဟောင်း ဖယ်လာနီတို့ကိုထုတ်ရောင်းဖို့ မန်ယူဥက္ကဋ္ဌ ၀ုဝဒ်ကိုပြောထားပြီးပြီ လို့လည်းဆိုပါတယ်။

မော်ရင်ဟိုဟာ မန်ယူနည်းပြလုပ်ချင်တယ်လို့ ဖာဂူဆန်ထွက်တော့မယ့်အချိန်ကတည်းက လူသိရှင်ကြားပြောလာခဲ့သူပါ။

ဒါပေမယ့် မန်ယူပရိသတ်အများစုက မော်ရင်ဟိုရဲ့အပြုအမှု၊အပြောအဆို စတာတွေအပေါ်မှာ သဘောမကျကြပါဘူး။

ကိုယ့်ကိုလှောင်ပြောင်ပြသွားဘူးတဲ့ ပြိုင်ဘက်နည်းပြ တစ်ယောက်က ကိုယ်အားပေးတဲ့ကိုယ့်အသင်းကို ရောက်တော့မယ်ဆိုတာကို ပရိသတ်တွေအံ့သြမဆုံးဖြစ်နေကြဆဲပါ။

မိုရက်စ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်လွဲခဲ့ရတာ၊လက်ရှိဗန်ဂေါလ်ရဲ့ဒီရာသီရလဒ်မကောင်းသေးတာတွေရယ်ကြောင့် ပရိသတ်တွေက အသင်း ကိုတစ်ချိန်ကလိုလျှမ်းလျှမ်းတောက် အောင်မြင်အောင် ကိုင်တွယ်နိုင်မယ့်သူကိုမျှော်နေကြတာမှန်ပါတယ်။

ဒါပေမယ့် အဲ့ဒီလိုနည်းပြမျိုးဟာ မော်ရင်ဟိုလား......။

နောက်ဆုံးသတင်းတွေအရကတော့ မော်ရင်ဟိုဟာ မန်ယူမှာလောလောဆယ်မရှိတဲ့ အားကစားဒါရိုက်တာနေရာအတွက် အက်သလက်တီကို အားကစားဒါရိုက်တာဘာတာကို ခေါ်မယ်လို့ဆိုပါတယ်။

အီတလီသား ဘာတာဟာ မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ မန့်ဒက်စ်ရဲ့သူငယ်ချင်းပါပဲ။

ဘာတာကိုခေါ်လိုက်ရင် ကစားသမားအပြောင်းအရွှေ့တွေကို အခုလို ဒုဥက္ကဋ္ဌ၀ုဝဒ်က ၀င်လုပ်နေစရာမလိုတော့ပဲ ဘာတာနဲ့ မော်ရင်ဟို တို့က ထိန်းချုပ်သွားမယ့်သဘောပါ။

အသင်းရှယ်ယာဈေးနှုန်းတွေကျခဲ့လို့ ၀ုဝဒ်ဟာ ရင်းနှီးမြှပ်နှံသူတွေအပေါ် ဖြေရှင်းချက်ပေးဖို့ ကြိုးစားနေဆဲပါ။

မော်ရင်ဟိုလာမယ့်သတင်းနဲ့ပတ်သက်ပြီး နည်းပြနဲ့ ကစားသမားတွေဆီက တိကျတဲ့စကားသံတွေထွက်မလာသေးပေမယ့် ကစားသမား ဘအများစုဟာ သူတို့ရှေ့ရေးအတွက် စိုးရိမ်ပူပန်နေပြီလို့ အတွင်းသတင်းတွေကဆိုပါတယ်။

၁၃ ပွဲကစားဖို့ကျန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၆ မှတ်ကွာနေဆဲမန်ယူအတွက် အခုသတင်းဟာ ကစားသမားတွေရဲ့ ကစားပုံနဲ့ အာရုံစိုက်နိုင် စွမ်းအပေါ်မှာ ဘယ်လိုရိုက်ခပ်နိုင်မယ်ဆိုတာ သေချာပေါက် မသိရပေမယ့် နည်းပြဗန်ဂေါလ်အတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဘယ်လို ကျင့်သုံးကိုင်တွယ်သွားဦးမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

မကြာခင်မှာတော့ မန်ယူအသင်းတာဝန်ရှိသူတွေဘက်ကနေ သေချာရောရာတဲ့ ကြေညာချက်မျိုးထွက်လာမယ်လို့တော့ ထင်ရပါတယ်။

တကယ်လို့ .... ဒီသတင်းဟာ အမှန်ဆိုရင်...မော်ရင်ဟိုဟာ မန်ယူအတွက် စပါယ်ရှယ်ဝမ်း.....ဖြစ်လာမလား.....ဆိုတာကတော့......။

 

U Myo Thant




<< Back Article


Advertisement
Here