La-liga News

အကောင်းဆုံးဆုရသောမက်ဆီ

Feb 13 , 2016

၂၀၁၃-၁၄ ရာသီမှစ၍ ချီးမြှင့်လာခဲ့သော လာလီဂါတစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာမှ မက်ဆီက ပထမဆုံးအကြိမ် အဖြစ် ရရှိခဲ့ပြီဖြစ်သည်။

ယင်းဆုကိုချီးမြှင့်ခဲ့သည်မှာ ၂၂ ဆုရှိခဲ့ပြီးချိန်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၅ကြိမ်ရထားသောမက်ဆီမှာ တစ်ခါမျှမရရှိခဲ့ပဲ ယခု ၂၃ ဆုမြောက်ဖြစ်သည့် ၂၀၁၆ ဇန်န၀ါရီလ အကောင်းဆုံးဆုကို ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။

၂၈ နှစ်သားမက်ဆီမှာ ဇန်န၀ါရီလအတွင်း လာလီဂါပွဲ ၅ ပွဲတွင် ၆ ဂိုးသွင်းယူနိုင်ခဲ့သည်။

ယခုဆုမျိုးကို ရီးရဲလ်မှဆီရိုနယ်ဒို၊အက်သလက်တီကိုမှ ဂိုဒင်၊ ဂရစ်မန်း၊ ဆိုစီဒက်မှ ဗီလာတို့က ၂ ကြိမ်စီရရှိခဲ့ကြပြီးဖြစ်သည်။

မက်ဆီမှာ ယခုဆုကို ဒုတိယမြောက် ဘာစီလိုနာကစားသမားအဖြစ်ရခဲ့ခြင်းဖြစ်ပြီး ယခင်ဆုရသည့် ကစားသမားမှာ နေမာ (နိုဝင်ဘာလ) ဖြစ်သည်။

မက်ဆီမှာ ဇန်န၀ါရီလအတွင်း ဂရာနာဒါနှင့်ပွဲတွင် ၃ဂိုး၊ဘီဘာအို၊မာလာဂါ၊ အက်သလက်တီကိုတို့နှင့်ပွဲများတွင် ၁ ဂိုးစီသွင်းယူခဲ့ခြင်းဖြစ် သည်။

U Myo Thant




<< Back La-liga News


Advertisement
Here