La-liga News

အန်ဆလော့တီအကြောင်းပြောသူ

Feb 13 , 2016

နည်းပြအန်ဆလော့တီမှာ ရီးရဲလ်နည်းပြများထဲတွင် မိမိအကြိုက်ဆုံးနည်းပြဖြစ်ကြောင်း မိုဒရစ်က ပြောဆိုလိုက်သည်။

မိုဒရစ်မှာ ၂၀၁၂ တွင် နည်းပြမော်ရင်ဟိုက ပြောင်းရွှေ့ကြေးပေါင် ၂၂.၅ သန်းဖြင့် စပါးမှရီးရဲလ်သို့ ခေါ်ယူခံခဲ့ရသူဖြစ်ပြီး မော်ရင်ဟိုမရှိတော့ သည့်အချိန်တွင် ရီးရဲလ်သို့အန်ဆလော့တီရောက်ရှိလာခြင်း ဖြစ်သည်။

အန်ဆလော့တီမှာ ၂၀၁၃မှ၂၀၁၅ အထိ ရီးရဲလ်နည်းပြအဖြစ်ရှိခဲ့ပြီး ထိုကာလအတွင်း ချန်ပီယံလိဂ်ဖလားအပါအ၀င် ဆုဖလား ၄ လုံးရရှိစေခဲ့ သူဖြစ်သည်။

မိုဒရစ်က ကျနော်နဲ့သူဟာ သိပ်ကောင်းတဲ့ ဆက်ဆံရေးမျိုးရှိခဲ့သလို သူဟာလည်း ကျနော့်ကို ကစားပုံကောင်းလာဖို့အများကြီးကူညီခဲ့ပါတယ်။ တကယ်လို့ ရီးရဲလ်နည်းပြတွေထဲမှာ တစ်ယောက်ကိုရွေးပါ ဆိုရင် ကျနော် သူကိုရွေးမှာပါဟု ပြောဆိုခဲ့သည်။

အန်ဆလော့တီပြီးနောက် ဘင်နီတက်ဇ်ကို နည်းပြအဖြစ်ခန့်အပ်ခဲ့သော ရီးရဲလ်မှာ ဇန်န၀ါရီလတွင် စပိန်သား ဘင်နီတက်ဇ်ကိုထုတ်ပယ်ကာ ဇီဒန်းကိုနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။

လောလောဆယ်တွင် ရီးရဲလ်မှာ အမှတ်ပေးဇယား တတိယနေရာတွင် ရှိနေပြီး တစ်ပွဲလျော့ ဘာစီလိုနာထက် ၄ မှတ်ကွာဟနေဆဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here