Other World Cup Football News

အထုတ်ခံရသောကန်နဗားရိုး

Feb 13 , 2016

အီတလီလက်ရွေးစင်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ကန်နဗားရိုးမှာ အယ်လ်နက်ဆာအသင်းနည်းပြ အဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီဖြစ် သည်။

ကန်နဗားရိုးမှာ ထိုကလပ်ကိုလေးလတာ ကိုင်တွယ်ခဲ့ချိန်အတွင်း ၁၄ ပွဲတွင် နိုင်ပွဲ ၆ ပွဲသာရခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမည့်အသင်း အနေနှင့် ဆော်ဒီပရိုလိဂ်တွင် အဆင့် ၆ သို့ရောက်နေကာ ဇယားထိပ်မှ အလ်ဟီလယယ်အသင်းနှင့် ၁၈ မှတ်ကွာဟနေပြီဖြစ်သည်။

ကန်နဗားရိုးမှာ ယခုကလပ်သို့မရောက်မီ တရုတ်စူပါလိဂ်ကလပ် ဂွန်ဇူးတွင် ၇-လကြာ နည်းပြလုပ်ခဲ့သူဖြစ်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် နောက်ခ့လူဟောင်း ကန်နဗားရိုးမှာ ၂၀၁၆ တွင် လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားရခဲ့သူဖြစ်ပြီး ပါးမား၊ ဂျူဗင်တပ်၊ ရီးရဲလ်တို့တွင် ကစားခဲ့ကာ ပါးမားနှင့် UEFA ဖလား၊ ကိုပါအီတာလျံဖလား ၂ လုံး၊ ရီးရဲလ်နှင့်လာလီဂါချန်ပီယံ ၂ ကြိမ်ရရှိခဲ့ပြီး ၂၀၀၆ တွင် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရခဲ့သူလည်းဖြစ်သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here