La-liga News

နိုင်ပွဲစရသောနဗီးလ်

Feb 15 , 2016

ဖိအားများနှင့်ရင်ဆိုင်နေရသောနည်းပြနဗီးလ်မှာ လာလီဂါတွင်ပထမဆုံးနိုင်ပွဲရခဲ့၍ အနည်းငယ်စိတ်သက်သာရာ ရသွားပြီဖြစ်သည်။

လွန်ခဲ့သော ဒီဇင်ဘာလမှစ၍ ဗလင်စီယာအသင်းကိုတာဝန်ယူခဲ့သော မန်ယူကစားသမားဟောင်းနဗီးလ်မှာ စပိန်ဘုရင့်ဖလားပွဲမျိုးတွင် နိုင်ပွဲ ရခဲ့သော်လည်း လာလီဂါတွင် အရှုံးနှင့်သရေပွဲများသာရှိခဲ့၍ ဖိအားများနှင့်ရင်ဆိုင်နေခဲ့ရသူဖြစ်သည်။

စနေနေ့ အက်စပန်ညိုနှင့်အိမ်ကွင်းပွဲစဉ်တွင် ဂိုးသမား အဲလ်ဗက်စ်၏အမှားမှတစ်ဆင့် ဦးဆောင်ဂိုးပေးလိုက်ရသဖြင့် အိမ်ရှင်ဗလင်စီယာမှာ အနောက်မှလိုက်ကစားခဲ့ရသည်။

၅၈ မိနစ်တွင်လူစားဝင်လာသော နီဂရီဒိုက ၇၁ မိနစ်တွင် ဗလင်စီယာအတွက်ချေပဂိုးသွင်းယူပေးခဲ့ပြီး ချီရီရှက်က ၇၆ မိနစ်တွင် အနိုင်ဂိုးသွင်းနိုင် ခဲ့သောကြောင့် နဗီးလ်အတွက်လာလီဂါနိုင်ပွဲ စတင်ရရှိခဲ့ ခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် ဗလင်စီယာမှာ တန်းဆင်းဇုန်နှင့် ၇- မှတ်အကွာသို့ရောက်ရှိသွားပြီဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here