Europe News

ဖလားရခဲ့သော နည်းပြသစ်မီဒို

Jul 22 , 2014

ပရီးမီးယားလိဂ်တွင် ကစားခဲ့ဘူးသော မီဒိုမှာ အီဂျစ်တွင် နည်းပြဘ၀ ပထမဆုံးအီဂျစ်လိဂ်ဖလားကို ရရှိခဲ့ပြီ ဖြစ်သည်။

မီဒိုမှာ စပါး၊ မစ်ဒယ်ဘရော့၊ ၀ီဂန်၊ ၀က်စ်ဟမ်း၊ ဘန်စလေ စသည့် အသင်းများတွင် တိုက်စစ်မှုးဘ၀ဖြင့် ကျင်လည်ခဲ့သူဖြစ်ပြီး အီဂျစ်ကလပ် ဇာမာလက်နည်းပြအဖြစ် တာဝန်ယူခဲ့ရာတွင် အမှတ်ပေးချန်ပီယံမဖြစ်ခဲ့သော်လည်း လိဂ်ဖလားကိုမူ ရယူပေးနိုင်ခဲ့ သည်။

သူသည် အီဂျစ်တွင် ဖလားရခဲ့သော နည်းပြများထဲတွင် အသက်အငယ်ဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ၃၁ နှစ်သာရှိသေးသည့် မီဒိုမှာ ထိုအီဂျစ်ကလပ်အတွက် ခက်ခဲသောရာသီနှင့် ရင်ဆိုင်ခဲ့ရပြီး အမှတ်ပေးဇယားတွင် အဆင့် ၃ သာ ရရှိခဲ့သည်။

သို့သော် လိဂ်ဖလားပြိုင်ပွဲတွင်မူ ရလဒ်များကောင်းမွန်ခဲ့ကာ ဆာမိုဟာ အသင်းကို ၁းဝ ဖြင့် အနိုင်ရရှိကာ လိဂ်ဖလားကို ကိုင်မြှောက် ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here