Other World Cup Football News

လူစာရင်းပြောင်းနိုင်သောမြန်မာအသင်း

Feb 17 , 2016

မတ် ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ မြန်မာလက်ရွေးစင်အသင်း၏ လူစာရင်းမှာ အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်း နည်းပြချုပ် ဂတ်ဆီဇီဖရိုင်းဒရစ်၏ ပြောကြားချက်အရသိရသည်။

မြန်မာလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ကာ ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခု အခါ ကစားသမားသစ် ၅ ဦး ထပ်မံဖြည့်တင်းကာ စုစုပေါင်း ၃၄ ဦး ဖြင့် စုစည်းလေ့ကျင့်လျက်ရှိကြောင်းနှင့် မတ် ၁၇ ရက်တွင် အပြီးသတ် လူစာရင်းထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဒီလူစာရင်းထဲက ကစားသမားတချို့ရဲ့ခြေစွမ်းကို သဘောမကျတာတွေရှိပါတယ်။နောက်ထပ်လည်း ထပ်ဖြည့်ထားပါသေးတယ်။ဒါက အပြီးသတ်လူစာရင်းတော့ မဟုတ်သေးပါဘူး။စင်ကာပူနဲ့ ခြေစမ်းပွဲ မတိုင်မီ မတ် ၇ ရက်လောက်မှာ အပြီးသတ်လူစာရင်းထုတ်ပြန်မှာပါ။ အခုကခေါ်ပြီး လေ့ကျင့်စေတဲ့သဘောမျိုးပါပဲဟု ၎င်းကပြောသည်။

မြန်မာလက်ရွေးစင်အသင်း ထပ်မံဖြည့်တင်းလိုက်သည့် ကစားသမားငါးဦးမှာ ရန်အောင်လင်း(ရတနာပုံ)၊ ၀င်းနိုင်စိုး (ရတနာပုံ) ၊ ကျော်ကျော်ထွန်း (ဟံသာဝတီ)၊ညီညီထွန်း (Horizon)နှင့် နိုင်နိုင်ကျော် (မကွေး)တို့ဖြစ်ပြီး ယင်းကစားသမားငါးဦးတွင် ၀င်းနိုင်စိုး၊ ညီညီထွန်းနှင့် ကျော်ကျော်ထွန်းတို့မှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here