Other World Cup Football News

အင်္ဂလန်မပြန်သည့် ဘိုအာ့စ်

Feb 17 , 2016

ပေါ်တူဂီသားနည်းပြ ဘိုအာ့စ်က သူသည် ဇင်းနစ်ကလပ်မှထွက်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်သို့ ပြန်မည်မဟုတ်ပဲ အခြားလိဂ်တစ်ခုခုသို့ သာ ပြောင်းမည်ဟုပြောဆိုလိုက်သည်။

ပေါ်တိုတွင် အောင်မြင်မှုများရခဲ့သောဘိုအာ့စ်မှာ ပရီးမီးယားလိဂ်ရှိ ချဲလ်ဆီးနှင့်စပါးတို့ကို တာဝန်ယူခဲ့သေးသော်လည်း သိသာထင်ရှားသောအောင်မြင်မှုမျိုးမရခဲ့ပဲ လွန်ခဲ့သော ၂ နှစ်က လက်ရှိတာဝန်ယူ နေသော ရုရှကလပ် ဇင်းနစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သူသည် လာမည့်ရာသီကုန်ချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းစေ့မည်ဖြစ်သဖြင့် အသင်းသစ်တစ်ခုခုသို့ ပြောင်းမည်ဖြစ်သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သောဘိုအာ့စ်၏ ဇင်းနစ်အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့တွင် ဘင်ဖီကာကို ၁းဝဖြင့် ရှုံးနိမ့် ခဲ့သော်လည်း ဆောင်းရာသီအားလပ်ရက်များကြောင့် နားနေခဲ့ရသည့်အတွက် အသင်းကစားပုံအသားမကျသေးခြင်းဖြစ်ကြောင်း၊ မတ်လ ၉ ရက် ဒုတိယအကျော့အိမ်ကွင်းတွင်မှု မိမိတို့အစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here