La-liga News

မပြောင်းဘူးဆိုတဲ့စီရိုနယ်ဒို

Feb 17 , 2016

တိုက်စစ်မှုးစီရိုနယ်ဒိုက သူသည်ရီးရဲလ်ကိုစွန့်ခွာသွားဦးမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ကျနော် နေရထိုင်ရတာသိပ်ကောင်းသိပ်ပျော်နေပါတယ်။ကျနော် အချိန်တိုင်းကစားရတာ၊ဂိုးသွင်းနိုင်တာတွေလည်းရှိတယ်။ ဒါထက်ပိုပျော် ရမယ့်နေရာမရှိပါဘူးဟု ပြောဆိုခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော စီရိုနယ်ဒိုက အဝေးကွင်းများတွင် ဂိုးအရနည်းနေခြင်းနှင့်ပတ်သက်၍ ကျနော် စပိန်စရောက်ကတည်းက အဝေး ကွင်းမှာ ကျနော်ထက်ဂိုးပိုသွင်းနိုင်တဲ့သူရှိရင်ပြောစမ်းပါ။ ဘယ်ကစားသမားမှ  ကျနော်ထက်ပိုမသွင်းနိုင်သေးပါဘူး။ တစ်ချို့လူတွေ အနေနဲ့ နားမလည်နိုင်စရာတွေ ဘာလို့လျှောက်တွေးနေတယ်ဆိုတာ ကျနော်စဉ်းစားလို့မရပါဘူး။တကယ်လို့ ကျနော့်စံချိန်ဟာ ဆိုးနေတယ် ဆိုရင် ကျနော်ဟာ အဲဒီစံချိန်ဆိုးကို ရာသီကုန်အထိ ဆက်ထိန်းသွားဖို့ပဲ ရှိတော့တယ်ဟု သတင်းထောက်များကို ခနဲ့သွားခဲ့သည်။

စီရိုနယ်ဒိုမှာ ယခုရာသီတွင် ၃၂ ဂိုးသွင်းထားပြီးဖြစ်သော်လည်း အဝေးကွင်းပွဲများတွင်မှု နိုဝင်ဘာ ၂၉ နောက်ပိုင်းမှစ၍ ဂိုးမရသေးပေ။

သူသည် လွန်ခဲ့သော ဒီဇင်ဘာလတွင် ချန်ပီယံလိဂ်အုပ်စု အဆင့်ပွဲများတွင် ၁၀ ဂိုးအထိသွင်းနိုင်ခဲ့သော ပထမဆုံးကစားသမားစံချိန်ကိုရရှိခဲ့ သည်။

U Myo Thant




<< Back La-liga News


Advertisement
Here