Coppa Italia Cup News

မဲခွဲတော့မည့်ကိုပါအမေရိက

Feb 18 , 2016

အမေရိကန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ ကိုပါအမေရိက ပြိုင်ပွဲအတွက်အုပ်စုမဲခွဲခြင်းကို လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပ မည်ဖြစ်သည်။

ဦးစားပေး၁အဖြစ်သတ်မှတ်ခံရသူများမှာ အိမ်ရှင်အမေရိကန်၊မက္ကဆီကို၊ဘရာဇီးနှင့်အာဂျင်တီးနားတို့ဖြစ်ပြီး မဲအိုး ၁ တွင် ပါဝင်မည်ဖြစ်သည်။

နှစ်တစ်ရာပြည့်ပြိုင်ပွဲအဖြစ် အမေရိကန်တွင် ကျင်းပမည့် ယင်းပြိုင်ပွဲအတွက်အုပ်စုမဲခွဲခြင်းကို နယူးယောက်တွင်ပြုလုပ်မည်ဖြစ်ပြီး မဲအိုး၂တွင် လက်ရှိချန်ပီယံချီလီနှင့်အတူ ကိုလံဘီယာ၊အီကွေဒေါနှင့် ဥရုဂွေးတို့ပါဝင်ကြသည်။

မဲအိုး၃တွင် ကွန်ကာကက်ဖ်အသင်းများဖြစ်သော ပနားမား၊ ဟေတီ၊ ဂျမေကာနှင့်ကော်စတာရီကာတို့ပါဝင်ပြီး မဲအိုး၎တွင် ပီရူး၊ ပါရာဂွေး၊ ဘိုလီဗီးယားနှင့် ဗင်နီဇွဲလားတို့ပါဝင်ကြသည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here