La-liga News

ဂိုး ၃၀၀ ပြည့်တဲ့မက်ဆီ

Feb 18 , 2016

ယမန်နေ့က စပို့တင်းဂီဂျွန်နှင့်ကစားခဲ့သောပွဲစဉ်တွင် ဘာစီလိုနာမှမက်ဆီမှာ သူ၏ လာလီဂါဂိုး ၃၀၀ ပြည့်နှင့် ၃၀၁ ဂိုးမြောက်ဂိုးတို့ကိုသွင်း ယူနိုင်ခဲ့သည်။

အာဂျင်တီးနားသားမက်ဆီမှာ ၂၀၀၄ မှစ၍ ဘာစီလိုနာကစားသမားဘ၀ကိုစတင်ခဲ့ခြင်းဖြစ်ပြီး ဆဲလ်တာဗီရိုကို ၆း၁ ဖြင့်နိုင်သောပွဲတွင် လာလီဂါ၂၉၉ ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့ကာ ယခုပွဲတွင် ၂ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

၂၈ နှစ်သားမက်ဆီမှာ ယခင်က လာလီဂါတွင်အများဆုံးစံချိန်ရှင်ဖြစ်သည့် ဘီဘာအိုမှ ဇာရာ၏ ၂၅၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကို ၂၀၁၄ နိုဝင်ဘာလ တွင် စံချိန်ချိုးဖျက်နိုင်ခဲ့ပြီး လက်ရှိတွင်လာလီဂါဂိုးအများဆုံး သွင်းထားသူအဖြစ် ထိပ်ဆုံးမှရပ်တည်နေသူဖြစ်သည်။

ထို့အပြင် သူသည် ဘာစီလိုနာနှင့်အာဂျင်တီးနားတို့အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၈၇ ဂိုးသွင်းယူထားနိုင်ခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here