La-liga News

မွေးနေ့မှာပျော်ရတဲ့နဗီးလ်

Feb 19 , 2016

အသက် ၄၁ နှစ်ပြည့်သောမွေးနေ့တွင် သူ၏အသင်းမှာ ပြိုင်ဘက်ကို ၆းဝ ဖြင့်ဂိုးပြတ်အနိုင်ရခဲ့သဖြင့် ဗလင်စီယာနည်းပြနဗီးလ် အတွက် ပျော်ရွှင်စရာမွေးနေ့တစ်နေ့ဖြစ်ခဲ့ရသည်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင် ဗလင်စီယာအသင်းက ရက်ပစ်ဗီယင်နာအသင်းကို ၆ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် သမိုင်းတွင် ပထမပိုင်းမှာပင် ၅ ဂိုးသွင်းနိုင်သည့်ပထမဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

လာလီဂါပွဲစဉ်များတွင် ပထမဆုံးနိုင်ပွဲရခဲ့ပြီးနောက် ၅ ရက်အကြာယခုပွဲစဉ်တွင် ထပ်မံအနိုင်ရခဲ့ခြင်းကြောင့် နဗီးလ်အတွက် ဖိအားလျော့နည်း လာပြီဖြစ်သည်။

နဗီးလ်အနေနှင့်အသင်းမှာ လာလီဂါအဆင့် ၁၂ တွင်ရှိနေသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါက ယူရိုပါလိဂ်တွင် ဗိုလ်စွဲခဲ့လျှင် အခွင့်အရေးရ မည်ဖြစ်သည်။

ယူရိုပါလိဂ်လက်ရှိချန်ပီယံ ဆီဗီးလားမှာလည်း မိုဒီအသင်းကို ၃ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး အခြားစပိန်အသင်းတစ်သင်းဖြစ်သော ဗီလာရီးရဲလ် ကလည်း နာပိုလီကို ၁းဝ ဖြင့်အနိုင်ရခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here