FA Cup News

ဂိုးရရင်အောင်ပွဲခံမည့်အဒီဘာယော

Feb 19 , 2016

အသင်းဟောင်းစပါးနှင့်တွေ့ရမည့် FA ဖလားပဉ္စမအဆင့်ပွဲတွင် မိမိဂိုးသွင်းနိုင်ခဲ့ပါက အောင်ပွဲခံပြမည်ဖြစ်ကြောင်း ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှုး အဒီဘယောကပြောဆိုလိုက်သည်။

အဒီဘာယောမှာ စပါးတွင် ၄ ရာသီကစားခဲ့သူတစ်ဦးဖြစ်ပြီး အသင်းနှင့်အဆင်မပြေသောကြောင့် လွန်ခဲ့သောစက်တင်ဘာလတွင်အသင်းမှ ထွက်ခဲ့သူဖြစ်သည်။

စပါးကွင်းဝှိုက်ဟတ်လိန်းသို့ ပထမဆုံးပြန်လည်ခြေချရမည့် ထိုပွဲစဉ်နှင့်ပတ်သက်၍ ကျနော်ဘောလုံးကစားနေတာပါ။စပါးကို ဂိုးသွင်းနိုင်တာကို ဘာလို့ကျနော်က အောင်ပွဲမခံပဲနေမှာလဲ၊ဒီကနေ့ ကျနော် ကစားနေတာ စပါးမှာမဟုတ်ဘူးလေ။တိုက်စစ်မှုးတစ်ယောက်အတွက် ဂိုးသွင်းနိုင် တာဟာ သူ့ခြေစွမ်းကိုပြသတာပဲမဟုတ်လား။စပါးမှာ ကျနော့်အတွက်ကောင်းခဲ့တဲ့ အချိန်တွေရှိသလို ဆိုးခဲ့တဲ့အချိန်တွေ လည်းရှိပါတယ်။ အခုချိန်မှာတော့ ကျနော်အသင်းသစ်မှာ အဆင်ပြေပြေနဲ့ ပျော်နေပါတယ်ဟု ၃၁ နှစ်သား အဒီဘာယောက ပြောဆိုသွာခဲ့သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here