AFC Champion News

အသင်းကိုယုံကြည်သောမြန်မာနည်းပြ

Feb 22 , 2016

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် လုံလောက်သည့်ပြင်ဆင်ချိန်ရရှိထားသည့်အတွက် ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံ ရှစ်ဘောလုံးပြိုင်ပွဲတွင် အဓိကပြိုင်ဘက်များဖြစ်သည့် ထိုင်းနှင့်ဗီယက်နမ်တို့ကို ကျော်ဖြတ်ကာ အောင်မြင်မှုရရှိမည် ဟုယုံကြည်ကြောင်း မြန်မာလက်ရွေးစင်အသင်း၏ နည်းပြသစ်ရော်ဂျာကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တွင် မြန်မာအမျိုး သမီးအသင်းအောင်မြင်မှုရရှိနိုင်ရန် နယ်သာလန်နည်းပြဟောင်း ရော်ဂျာရိုင်နာကို ခြောက်လစာချုပ်ဖြင့် ခန့်အပ်ထားပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်တာဝန်ယူမည်ဖြစ်ကာ လက်ရှိတွင်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို လာရောက်လေ့လာလျက်ရှိသည်။

ထို့ပြင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ အာဆီယံထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ဗီယက်နမ်အမျိုးသမီး အသင်းနှင့်လည်း ခြေစမ်းပွဲကစားရန် စီစဉ်လျက်ရှိပြီး ကစားမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက်အထိ မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားထွက်ပေါ်လာခြင်း မရှိသေးဘဲ မြန်မာအသင်းသည် လက်ရှိတွင် ပဏာမ လက်ရွေးစင်ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here