FA Cup News

FA ဖလားကွာတားပွဲစဉ်များ

Feb 22 , 2016

FA ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်များကိုရေးဆွဲခဲ့ရာ မန်စီးတီးကိုအနိုင်ရခဲ့သောချဲလ်ဆီးမှာ အဲဗာတန်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

FA ဖလားပဉ္စမဆင့်ပွဲစဉ်များအနက် မန်ယူအသင်းမှာ ယနေ့ညမှသာကစားရမည်ဖြစ်ပြီး ကျန်ပွဲစဉ်၇ ပွဲမှာ ကစားပြီးခဲ့ပြီဖြစ်ကာ ၆ ပွဲမှာအနိုင် အရှုံးအဖြေပေါ်ခဲ့သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းတွင်ရှိနေသော မန်စီးတီးမှာချဲလ်ဆီးကို ၅း၁ဖြင့်ရှုံးခဲ့ပြီး စပါးကလည်းပဲလေ့စ်ကို ၀း၁ ဖြင့်ရှုံး ခဲ့သည်။ လက်ရှိချန်ပီယံ အာဆင်နယ်မှာ အိမ်ကွင်းတွင်ဟောလ်စီးတီးနှင့် သရေကျခဲ့၍ ပြန်ကစားရဦးမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ရီးဒင်းနှင့်ပဲလေ့စ်၊ အဲဗာတန်နှင့်ချဲလ်ဆီး၊ ၀တ်ဖို့က အာဆင်နယ်(သို့မဟုတ်)ဟော်လ်စီးတီး၊ ၀က်စ်ဟမ်းက မန်ယူ(သို့မဟုတ်)ရှရီဘူရီအသင်းတို့နှင့် မတ်လ ၁၁ ရက်မှ ၁၄ ရက် အတွင်းကစားကြရမည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here