Coppa Italia Cup News

ကိုပါအမေရိကအုပ်စုမဲခွဲ

Feb 22 , 2016

အမေရိကန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နှစ်တစ်ရာပြည့်ကိုပါအမေရိကပြိုင်ပွဲအတွက် အုပ်စုများကိုမဲနှိုက်ရွေးချယ်ပေးခဲ့ပြီဖြစ်သည်။

နယူးယောက်မြို့တွင်ကျင်းပခဲ့သော မဲနှိုက်နေရာချထားခြင်းအခမ်းအနားသို့ ကွန်ကာကက်ဖ်ဇုန်နှင့် တောင်အမေရိကဇုန်မှတာဝန်ရှိသူများနှင့် အသင်းနည်းပြများတက်ရောက်ခဲ့ကြသည်။

အုပ်စု Aတွင် အိမ်ရှင်အမေရိကန်နှင့်အတူပါရာဂွေး၊ကော်စတာရီကာ၊ကိုလံဘီယာတို့ပါဝင်ခဲ့ပြီး ယင်းအုပ်စုမှာ အကျပ်ဆုံးအုပ်စုဟု တင်စားခဲ့ကြ သည်။

အုပ်စုBတွင် နာမည်ကြီး ဘရာဇီးနှင့်အတူ ပီရူး၊ ဟေတီ၊ အီကွေဒေါ၊ အုပ်စု Cတွင် မက္ကဆီကို၊ဗင်နီဇွဲလား၊ ဂျမေကာ၊ ဥရုဂွေး၊အုပ်စုDတွင် အာဂျင်တီးနား၊ဘိုလီးဗီးယား၊ပနားမားနှင့် လက်ရှိချန်ပီယံ ချီလီ တို့ ပါဝင်ကြသည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here