FA Cup News

မန်စီးတီးကိုဖာဘရီဂက်စ်အံ့သြ

Feb 22 , 2016

FA ဖလားပဉ္စမဆင့်ပွဲစဉ်တွင် အဓိကကစားသမားများကို အနားပေးကာလူငယ်များနှင့်ယှဉ်ပြိုင်စေခဲ့သည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီ၏ ဆုံးဖြတ်ချက်ကိုအံ့သြမိကြောင်း ချဲလ်ဆီးမှ ဖာဘရီဂက်စ်က ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်ကစားရန်ရှိနေသော မန်စီးတီးကြောင့် ပယ်လီဂရီနီမှာ လူစာရင်းအပြောင်းအလဲများနှင့် ချဲလ်ဆီးကိုရင်ဆိုင်ခဲ့ရာ ပထမပိုင်းတွင် တစ်ဂိုးစီသရေကားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်ချဲလ်ဆီးက ၄ ဂိုးထပ်သွင်းကာ ၅း၁ ဖြင့်အနိုင်ရသွားခဲ့သည်။

ဖာဘရီဂက်စ်က ကျနော်တို့ဟာ နယူးကာဆယ်နဲ့ကစားခဲ့ပြီး ၃ ရက်အကြာမှာ ဥရောပရဲ့အသင်းကောင်းတစ်သင်းဖြစ်တဲ့ PSG နဲ့ကစားခဲ့ ရပါ တယ်။အခုမန်စီးတီးနဲ့တွေ့တဲ့အခါ သူတို့လူစာရင်းကိုကြည့်ပြီး အံ့သြမိပါတယ်။ဒါပေမယ့် အဲဒီလူစာရင်းကပဲ ကျနော်တို့အတွက် နိုင်မှဖြစ်မယ် ဆိုတဲ့ ဖိအားမျိုးရှိသွားစေခဲ့တာပါဟု ပြောဆိုခဲ့သည်။

ပယ်လီဂရီနီကမူ မိမိအနေနှင့်အသင်းသားအဖြစ် မှတ်ပုံတင်ထားသည့် မည်သည့်ကစားသမားကိုမဆို ၀င်ကစားခိုင်းနိုင်သည့် လုပ်ပိုင်ခွင့်ရှိ သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here